အပိုင်း(၃၉.၂)

1.8K 293 3
                                    


လင်းကျစ်ရန်ရဲ့ မျက်နှာမှာ သရဲခြောက်ခံလိုက်ရသလို ခြောက်ခြားနေကာ ရွှမ်းရန်ကသူ့အပေါ် ဘာတွေ ထပ်ပြီးလှည့်စားအုံးမလဲလို့ တွေးနေမိသည်။

ဒါပေမယ့်... နှစ်ခုထဲက တစ်ခုသာ ရွေးရမယ်ဆိုရင် လူကိုပဲ အရင်ဆုံးကယ်တင်ရမည်...

ဘာပဲ ဖြစ်ဖြစ် ဇာတ်ကြောင်းကမကယ်တင်နိုင်​တော့ဘူး။ဒါပြီးရင် ဂိမ်းထဲကထွက်ဖို့ နည်းလမ်းရှာရမယ်! ရွှမ်းရန်ပုံမှန်စိတ်ပြန်ဖြစ်တဲ့အထိ စောင့်ရမှာပဲ။ရွှမ်းရန်အတွင်းစိတ်က မကောင်းဆိုးဝါးကို သူကိုယ်တိုင်ပဲ ရှင်းလင်းရမှာ။

လင်းကျစ်ရန်သည် ရွှမ်းရန်ကိုကြည့်ကာပြတ်သားစွာပြောလိုက်သည်

" သူမကို မထိနဲ့ "

ထို့နောက် သူ့မျက်နှာပေါ်သို့ ညင်သာသော အနမ်းတစ်ပွင့် ကျရောက်လာခဲ့ပြီး ရွှမ်းရန်က ချော့မြူသလိုပြောသည်

" မကြောက်ပါနဲ့...ငါညင်သာမှာပါ..."

တကယ်တော့ လင်းကျစ်ရန်ဟာ စိတ်ကိုပြင်ဆင်ထားပြီးသားဖြစ်သည်။သူဟာ ကိုယ်ကျင့်တရားကြောင့်သာ ရွှမ်းရန်ကိုငြင်းဆန်ခဲ့တာပင်။ ရွမ်းရန်က မူယန်ချစ်သောသူဖြစ်နေသောကြောင့်သာ။ သို့သော် ယခုတွင်မူ လုံးဝမခုခံနိုင်တော့...ရွေးစရာလမ်းလည်း မကျန်တော့ပေ။

ကပ်သပ်ပြီးပြောရရင် သူအခု ရွှမ်းရန်နဲ့ အိပ်တယ်လို့ တရားသေယူဆလို့ မရဘဲ ရွှမ်းရန်ရဲ့ အတွင်းစိတ်ကမကောင်းဆိုးဝါးနဲ့ အိပ်တယ်လို့သာ ယူဆနိုင်သည်။လင်းကျစ်ရန်က သူ့ကိုယ်သူအားပေးလိုက်သည်။ အိပ်ရုံပဲမို့လား။ခနပါပဲ မကြာခင်ပြီးသွားမှာပေါ့...

ထို့နောက်တွင် လင်းကျစ်ရန်မှာ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလိုပင် ခံစားလိုက်ရပြီး စိတ်ထဲတွင် ငိုသံများဖြင့် ပွက်ပွက်ညံသွား​တော့သည်!မေမေရေ! ဒီလူက လုံးဝကို မကောင်းဆိုးဝါးကြီး။ အပြောကတော့ချိုလိုက်တာ တကယ်တမ်းကျ ကြောက်စရာအရမ်းကောင်းတယ်။ သူမှာ ကလိန်ဉာဏ်တွေ ဘယ်လောက်တောင်ရှိနေတာလဲ။ နောင်တတောင် ဆယ်ခါပြန်လောက်ရချင်သွားပြီ ။ အိပ်ရာပေါ်မှာသေသွားရင် ငါ့လောက် အရှက်တကွဲ အကျိုးနည်းတဲ့ ကစားသမား ရှိမှာမဟုတ်တော့ဘူး။ဒါက အရင်ကမ္ဘာထက် ပိုပြီးရှက်စရာကောင်းလိမ့်မယ်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now