Unicode.
လင်းကျစ်ရန်မှာ စိတ်အခြေအနေကောင်းမွန်လို့ နေသည်။ ထိုစဥ်က မတော်တဆကိစ္စတစ်ခု ဖြစ်ပျက်သွားပါသော်ငြား သူ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ဇတ်လိုက်shouနှင့် ဇာတ်လိုက်gongကြားတွင် ချိုမြိန်သော အပြန်အလှန်သက်ရောက်မှုတစ်ခု ရှိလာခဲ့ပြီပင်။ထို့မတိုင်ခင်က ဝမ်းယွီမှာ ဥာဏ်များသော shouတစ်ယောက်သာ ဖြစ်ပါသော်လည်း သန်မာသောshouတစ်ယောက်ဖြစ်နေမည်ဟု သူမျှော်လင့်မထားမိခဲ့ ပါချေ။ သို့သော် သူ့ဟာသူ ဘာပဲဖြစ်နေပါစေ ဇာတ်ကြောင်းက တိုးတက်နေသရွေ့တော့ အဆင်ပြေသည်ပင်။
သို့ပါသော်လည်း အချိန်တွေကုန်ဆုံးလာသရွေ့၊ လင်းကျစ်ရန်မှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားနေရသည်။ 'အဘယ့်ကြောင့် လုဆွေ့မှာ ဝမ်းယွီ၏ အရေးကိစ္စကို စုံစမ်းနေရမည့်အစား သူ့ကိုယ်သူ အလုပ်ထဲတွင်သာ လုံးလုံးလျားလျား နှစ်မြုပ်နေရတာလည်း? ဝမ်းယွီမှာလည်း လုဆွေ့၏ အရေးကိစ္စများကို လိုက်လံ၍ ဂရုစိုက်ရမည့်အစား အဘယ့်ကြောင့် သူ့အနားတွင်သာ အမြဲလိုလို ရစ်သီရစ်သီ လုပ်နေရတာလည်း?' အစပိုင်းတွင်တော့ လင်းကျစ်ရန်တွေးမိသည်ကား ထိုနှစ်ယောက်မှာ သူ့နောက်ကွယ်တွင် တိတ်တဆိတ်လှုပ်ရှားနေလိမ့်မည်ဟု။ သို့သော်ငြား အချိိန်အတော်ကြာအောင်အထိ ထောက်လှမ်းကြည့်နေပါသော် လုဆွေ့နှင့် ဝမ်းယွီမှာ တစ်ယောက်မျက်နှာကို တစ်ယောက် မမြင်ရအောင်ပင် ဆုတောင်းနေရကြသည့် ပုံစံမျိုးသာ ဖြစ်နေချေသည်။
လင်းကျစ်ရန်မှာ စတင်ပူပန်လို့ လာသည်။
သူနှင့်ဝမ်းယွီကြားရှိ တွေ့ဆုံမှုများမှာ သိသိသာသာကို မြင့်တက်လာပြီး ဝမ်းယွီမှာ သူ့အိမ်သို့ ထမင်းစားရေသောက်ကဲ့သို့ပင် ဝင်လိုက်ထွက်လိုက် လုပ်နေပေရာ ဘယ်လိုလုပ်ပြီး သူတို့ကြားရှိ relationshipမှာ ကော်နှင့်ကပ်ထားသကဲ့သို့ မခွဲနိုင်မခွာနိုင်အခြေအနေမျိုးအထိ ရောက်ရှိသွားရတာလည်း....လင်းကျစ်ရန်မှာ စတင်၍ ကြောက်လန့်လို့ လာချေ၏။
[လင်းကျစ်ရန်: ငါဒီgameရဲ့ difficultyကိုလျော့တွက်မိသွားတာဘဲ]
[System: အရင်က လွယ်တယ်လို့ ထင်ခဲ့တာလား?]
![](https://img.wattpad.com/cover/283766113-288-k564845.jpg)
YOU ARE READING
ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)
FantasyJust a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူးယဥ်ဝတ္တုတိုင်းတွင်shouဇာတ်ကောင်အားနှစ်သက်သဘောကျသည့်အရန်ဇာတ်ပို့Gongဆိုတာပါစမြဲ။Shouလေးကိုဇာတ်လိုက်Go...