အပိုင်း(၄၄.၁)

1.3K 201 1
                                    

Unicode.

ရွှမ်းရန်သည် လင်းကျစ်ရန်ကိုရဲ့လက်ကိုဆုပ်ကိုင်ထားရင်း ခဏမျှတုန့်ဆိုင်းသွားသည့်တိုင် သူ့ကိုကြည်နာစွာကြည့်လာခဲ့ပြီး ညင်သာစွာပြောသည်

" ပြဿနာမရှာနဲ့တော့ "

လင်းကျစ်ရန်သည်ရွှမ်းရန်ကိုကြည့်နေရင်းဒေါသထွက်လာရသည်။

ပြဿနာမရှာနဲ့ဟုတ်လား? တကယ်တမ်းပြဿနာရှာနေတာခင်ဗျားလေ?ဒီလိုလုပ်နေတာက ခင်ဗျားကိုယ်ခင်ဗျားသေကြောင်းကြံစည်နေတာနဲ့အတူတူပဲ...ကျွန်တော်က ဂိမ်းဆော့နေတာ...သေရင်လည်းမူလကမ္ဘာဆီပြန်ရောက်သွားမှာ...ဒါပေမယ့်ခင်ဗျားကကျမတူဘူး!

သူသည် NPC တစ်ယောက်နှင့်အငြင်းအခုံမလုပ်ချင်သည့်တိုင် ဘာလို့မှန်းမသိဘဲ ရွှမ်းရန်ကိုယ့်ဒုက္ခကိုယ်ရှာပြီးတွန်းအားပေးနေတာကိုမကြည့်ချင်တော့ပေ။လင်းကျစ်ရန်ကအေးစက်စွာပြောလိုက်သည်

" ကျွန်တော့် အခြေအနေကျွန်တော်သိတယ်...ကျွန်တော့်ကို ကယ်တင်ဖို့ အပင်ပန်းခံစရာမလိုတော့ဘူး "

ရွှမ်းရန်ရဲ့ အနက်ရောင်မျက်ဝန်းတစ်စုံကနက်ရှိုင်းသွားခဲ့သည်၊သူသည် လက်ကိုမြှောက်၍လင်းကျစ်ရန်ရဲ့မေးစေ့ကိုဆုပ်ကိုင်ကာပါးစပ်ကိုဖျစ်ညှစ်ပြီး သူ့လက်ချောင်းကိုထိုးထည့်လိုက်ပြန်သည်၊နွေးထွေးသောဝိညာဉ်စွမ်းအားသည် ပါးစပ်မှတစ်ဆင့်ခန္ဓာကိုယ်အတွင်းသို့စီးဝင်ပျံ့နှံ့သွားခဲ့သည်၊လင်းကျစ်ရန်လည်း ဒေါသထွက်သွားရသည်၊ဒီလူကခေါင်းကိုမာလွန်းတာပင်!

ခဏကြာပြီးသော် ရွှမ်းရန်ကသူ့လက်ချောင်းကိုပြန်ဆွဲထုတ်လိုက်ပြီးလင်းကျစ်ရန်ရဲ့နှဖူးကိုညင်သာစွာနမ်းရှိုက်လိုက်သည်

" အနားယူတော့ "

ထို့နောက်လှည့်ထွက်သွားပြန်သည်၊ရွှမ်းရန်သည် ခန်းဆောင်အတွင်းမှထွက်လာခဲ့သော် သူ့ခန္ဓာကိုယ်ကအနည်းငယ်တုန်ရီနေသယောင်ရှိပြီးလက်ဖြင့်ပါးစပ်ကိုအုပ်ကာ၍ညင်သာစွာ ချောင်းဆိုးလိုက်သည်။သူသည် ဒီရက်တွေအတွင်းသူ့ရဲ့ဝိညာဉ်စွမ်းအားတွေကိုသုံးကာလင်းကျစ်ရန်ရဲ့အသက်ကိုဆွဲဆန့်ပြီးလင်းယွီကျူးကိုထုတ်ယူဖို့ကြိုးစားခဲ့သည့်တိုင် လင်းယွီကျူးသည် လင်းကျစ်ရန်ရဲ့ခန္ဓာကိုယ်နှင့်တစ်သားတည်းဖြစ်သွားပြီးခွဲထုတ်၍မရနိုင်တော့ပါချေ၊ လင်းကျစ်ရန်ရဲ့ အသက်ကိုဆွဲဆန့်ထားရုံကလွဲပြီးကျန်တဲ့နည်းလမ်းလည်းမရှိတော့သလို နာကျင်မှုကိုသက်သာဖို့အတွက်သူ့သွေးကိုအမြဲတမ်းစုပ်ယူနေရမည်သာ၊သို့ပေမယ့်သူသည်လည်း ဘယ်လောက်ကြာကြာတောင့်ခံနိုင်မည်မသိ၊ရွှမ်းရန်သည် သူ့လက်ချောင်းများကိုငုံ့ကြည့်လိုက်သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now