အပိုင်း(၃၉.၁)

2K 297 5
                                    



လင်းကျစ်ရန်သည် ရွှမ်းရန်ကို မယုံကြည်နိုင်စွာ ကြည့်နေလျက် မျက်နှာထက်တွင်မေးခွန်းများဖြင့် ပြည့်နှက်နေလေသည်။

[ လင်းကျစ်ရန်: ငါ စန်းပွင့်တဲ့ cheat တစ်ခုခုများ သုံးခဲ့မိတာလား ]

[ System: မဟုတ်ပါဘူး]

[လင်းကျစ်ရန်: ငါ ဒီလူကို စုစုပေါင်းမှ နှစ်ခါပဲ တွေ့ဖူးတာလေ... သူဘာလို့ငါ့ကိုလာနမ်းနေတာလဲ???] ပြီးတော့ တွေ့တဲ့ နှစ်ခါ လုံးကလည်း ရွှမ်းရန်က သမံကာလျှံကာပဲကြည့်သွားတာ...သူ့ကိုသတိထားမိမှာတောင်မဟုတ်တာကို!

[System-......]

[လင်းကျစ်ရန်: တစ်ခုခုတော့မှားနေပြီ!]

ဒါ လုံးဝယုတ္တိမရှိတာ! ရွှမ်းရန်က ဘယ်လိုလုပ် သူ့ကို စိတ်ဝင်စားနိုင်မှာလဲ....အာ! ရွှမ်းရန်ဆိုတာထက် သူ့စိတ်ထဲက မကောင်းဆိုးဝါးလို့ပြောရမယ်...ဘာနေနေ အဲ့တာက ရွှမ်းရန်ပဲ...

လင်းကျစ်ရန်ခမျာ အနမ်းကြောင့် အသက်ရှူမဝဖြစ်လာကာ မျက်လုံးထောင့်များတွင် မျက်ရည်စများ ဝိုင်းလာတော့သည်။ သူဟာ ထိုလူအား ခွန်အားအပြည့်ဖြင့် တွန်းထုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်

" ငါ့ကို လွှတ်! "

ရွှမ်းရန်မှာ လင်းကျစ်ရန်ကို စွဲမက်စွာပွေ့ဖက်ထားဆဲဖြစ်ပြီး လွှတ်ပေးဖို့ ငြင်းဆန်လိုက်သည်။ သူ၏ ရွှေအိုရောင် သူငယ်အိမ်များက စူးရဲတောက်ပနေပြီး အသံကမူ ဩရှရှနှင့်

"ဒီမှာ လုပ်ရတာ မကြိုက်ဘူးလား...ဟုတ်တော့ဟုတ်တယ်...မင်းကို ဒီမှာ လုပ်ရမှာ နည်းနည်းတော့ အမြင်မတင့်တယ်ဘူး"

လင်းကျစ်ရန်: ?

ဒီမှာလုပ်ရတာ မကြိုက်ဘူးလား တဲ့...ငါက မင်းနဲ့လုပ်ရမှာ မကြိုက်တာကွ ရှင်းလား!

ရွှမ်းရန်က ဒီကမ္ဘာရဲ့နံပါတ်တစ် အလှပဂေးပင်ဖြစ်ပြီး သူ့ရဲ့အသွင်အပြင်နှင့်ခန္ဓာကိုယ်အချိုးအစားက ညိုငြင်စရာလုံးဝ မရှိပေမယ့် ခက်တာက သူက အရမ်းကို မြင့်မြတ်နေတာပင်... အဓိကပြဿနာမှာသူက မူယန်ချစ်ရတဲ့လူဖြစ်နေတာပင်!

ဘယ်သူနဲ့ အတူအိပ်အိပ် ကိစ္စမရှိပေမယ့် ကိုယ့်ညီမလေးရဲ့ လူနဲ့တော့ဖြစ်ရဘူး... ဒါ သစ္စာဖောက်တာပဲ...

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now