အပိုင်း(၂၅.၂)

4.1K 743 17
                                    

Unicode.

လင်းကျစ်ရန်သည် နောက်တစ်နေ့တွင်မြို့ထဲမှထွက်လာခဲ့လေသည်။

ဒီရက်ပိုင်းတွင် သူတောထဲသို့နေတိုင်းလိုလိုသွားလေ့ရှိ၏။သူ၏ စေ့စပ်သောကွပ်ကဲမှုကြောင့် ဂူထဲတွင် သစ်သီးဝလံများဖြင့်ပြည့်နှက်နေကာ ခြံထဲရှိ ကြက်ငှက်အကောင်ရေများလည်းတိုးပွားလာသည်။ ပြီးတော့ ဂူအရှေ့ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများလည်း ပို၍များပြားလာခဲ့သည်။

အခုတွင် တောလမ်းတောင်လမ်းကို ကျွမ်းကျင်စွာ သွားလာနိုင်ပြီး system၏ အကူအညီပင်မလိုတော့ပေ။ မကြာခင် ဒီနေရာကထွက်ခွာရတော့မည့်အကြောင်းကို တွေးကြည့်ရင်း မှိုင်တွေသွားသည်။ ဘာပဲပြောပြောဒါတွေအားလုံးက သူ့ရဲ့ချွေးနဲ့ရင်းထားရတဲ့လုပ်အားတွေလေ။

လင်းကျစ်ရန် ဝမ်းနည်းသွားသည်။

[လင်းကျစ်ရန်- ငါထွက်သွားရင် ခြံထဲက ကြက်တွေကိုဘယ်လိုလုပ်ရမလဲ ]

[System- ... ]ဘာလဲ..ဒီကစားသမားက တကယ့်ကို စိုက်ပျိုးရေးဝါသနာအိုးပဲ..ဟုတ်လောက်တယ်။

လင်းကျစ်ရန်သည် မှုန်တေတေဖြင့် မြေပြင်ပေါ်ရှိ ကျောက်ခဲလုံးကို ပိတ်ကန်လိုက်ပြီးဘာမှမဆိုတော့။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး သစ်ရွက်ကြားက လေတိုးသံကိုသာကြားနေရသည်။ ထိုစဥ် လင်းကျစ်ရန်၏ ခြေလှမ်းများက ရုတ်တရတ် ရပ်တန့်သွားပြီး အမူအရာလည်း ပြောင်းလဲသွားလေသည်။

ထို့နောက်တွင် ဘာမှမဖြစ်သလိုမျိုး ဆက်လျှောက်သွားလေသည်။သို့သော် သူက ဆန့်ကျင်ဘက်လမ်းသို့သွားနေခြင်းပင်။

တဖြည်းဖြည်းနှင့် တောင်တက်လမ်းက ကြမ်းတမ်းလာသည်။မကြာသေးမီကမိုးရွာသောကြောင့်မြေပြင်က စွတ်စိုပြီး လမ်းလျှောက်ရတာခက်သည်။

မူရန်သည် လင်းကျစ်ရန်၏ ခပ်လှမ်းလှမ်းအကွာမှ တိတ်တဆိတ်နောက်ယောင်ခံလိုက်လာသည်။ လင်းကျစ်ရန်က သတိထားမိပုံမရပေ။သူ လှုပ်ရှားတော့မည့်အချိန်တွင် လင်းကျစ်ရန်သည် သစ်ပင်ကြီးတစ်ပင်၏နောက်သို့ဝင်သွားကာ ရုတ်တရတ်ပျောက်ကွယ်သွားတော့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now