အပိုင်း(၃၀.၁)

4.7K 785 77
                                    

Unicode.

ရွှန်းရန်က သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး လက်ကောက်ဝတ်ပေါ်ရှိ ပုတီးစေ့ကြိုးကို ညင်သာစွာပွတ်သပ်လိုက်၏။ ဖောက်ထွင်းမြင်နိုင်သည့် ကြည်ပြာရောင်ပုတီးစေ့များမှာ အလင်းရောင်ဖျော့ဖျော့များဖြင့် တောက်ပလာခဲ့လေသည်။၄င်းက ကျန်းလင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော အစွမ်းထက်သည့်အဆောင်တစ်ခုဖြစ်လေပြီး သူ၏အတွင်းစိတ်မတည်ငြိမ်မှုနှင့် မကောင်းဆိုးဝါး၏ လွှမ်းမိုးမှုကို ဖိနှိပ်နိုင်သည်။ ထိုပုတီးစေ့များကြောင့် နားထဲရှိအသံမှာ ကျယ်လောင်စွာအော်ဟစ်လေတော့သည်။

' ဒါက ငါ့ကိုဖိနှိပ်နိုင်မယ်လို့မင်းထင်နေလား..မင်းက ရိုးအလွန်းတယ်..နှစ်ပေါင်းထောင်ချီနေလာခဲ့ပြီးတာတောင် အချစ်နဲ့အမုန်းကိုမသိ​သေးတာ..ခံစားချက်နဲ့ လိုအင်ဆန္ဒတွေရဲ့ စွဲမက်ဖွယ်အရသာကိုလည်း မင်းဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..ငါ့မှာအတွေးတစ်ခုကျန်ရှိနေသရွေ့ မင်းဘယ်တော့မှလွတ်​​မြောက်မှာမဟုတ်ဘူး..ငါ့ကို ဖယ်ရှားပစ်ဖို့ အိပ်မက်တောင်မမက်နဲ့ '

ရွှမ်းရန်၏ အသံကအေးစက်နေ၏။ " သေချာလို့လား..မင်းကို ထားသွားခဲ့တဲ့လူကို အရမ်းဂရုစိုက်နေတာလား "

' ငါသူ့ကိုရအောင်ယူမှာ! ! ! '

ရွှမ်းရန်၏ သူငယ်အိမ်များက နက်ရှိုင်းလာလျက် မျက်မှောင်ကြုတ်ကာ မကြည်လင်သောအသံဖြင့်ဆို၏။ " မင်းရဲ့ အသက်တိုတိုလေးက ငါ့အတွက် သမုဒ္ဒရာထဲက ရေတစ်စက်လိုပဲ..ငါ့ကို စွန့်ပစ်လိုက်တဲ့လူကို ဂရုမစိုက်သင့်ဘူး..ငါ့အတွက် စွဲလမ်းမှုက ဘာလဲ မင်းသိလား "

' မင်းမှာ စွဲလမ်းမှု ရှိသေးလို့လား '

ရွှမ်းရန်က ပေါ့ပါးစွာပင်ဆို၏။ " ငါရဲ့စွဲလမ်းမှုက ဒီလောကကြီးကို ငြိမ်းချမ်းအောင်ကာကွယ်ဖို့ပဲ..အဲ့ဒီကလေးက ငါ့ရဲ့စွဲလမ်းမှုဖြစ်လာဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်းရှိမှာလဲ...

မင်းက ငါမဟုတ်ဘူး..ငါ့ကို တွယ်ကပ်နေတဲ့ကပ်ပါးတစ်ကောင်ပဲ..မင်းရဲ့စွဲလမ်းမှုက ငါ့ရဲ့စွဲလမ်းမှုမဟုတ်ဘူး..ငါမင်းကို သန့်စင်ပစ်နိုင်မယ့်အချိန်တစ်ခုပဲလိုတာ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now