အပိုင်း(၂၇.၃)

4.1K 730 14
                                    

Unicode.

ကျိုးယွဲ့က လင်းကျစ်ရန်နှင့်မူယန်အား အနောက်ဘက်ခန်းဆောင်ဆီသို့ခေါ်သွားပေးရန် သူ၏တပည့်များကိုစေခိုင်းခဲ့ပြီးနောက် ထွက်သွားခဲ့လေသည်။ သူတို့နှစ်ဦးကို လိုက်ပို့ပေးသည့် မျက်နှာဝိုင်းဝိုင်းနှင့်ဂိုဏ်းသား မှာ ကျိုးယွဲ့၏ အကြီးဆုံးတပည့် ပီချီ ပင်ဖြစ်လေ၏။တပည့်ကြီးဖြစ်သည့်အလျောက် သူတွင် တိုလီမုတ်စ ဖြေရှင်းစရာကိစ္စများစွာရှိလေပြီး မအားလပ်သူပင်။

ပီချီက သူတို့နှစ်ယောက်ကို ဆိတ်ငြိမ်သောခြံဝန်းတစ်ခုဆီသို့ခေါ်သွားပေးခဲ့ပြီးနောက် ပြုံးကာဆို၏။

" လောလောဆယ်တော့ မင်းတို့ဒီမှာနေလိုက်ကြဦး..တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုပြော..ဟုတ်ပြီလား "

မူယန်က ယဥ်ကျေးစွာပင် ပြန်ဖြေလိုက်၏။ " ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချီ "

ပီးချီက ပြီးပြပြီးနောက် လှည့်ထွက်သွားခဲ့သည်။ မူယန်က ပတ်ဝန်းကျင်ကို ဘယ်ပြန် ညာပြန် ဝေ့ကြည့်ပြီးနောက် လင်းကျစ်ရန်ဆီသို့ခေါင်းလှည်ကာ မေးလာခဲ့လေသည်။

" ငါ ဒီအကြီးအကဲကျိုးယွဲ့ကို ဆရာတင်သင့်တယ်လို့ မင်းထင်လား "

ကျိုးယွဲ့၏ ရည်ရွယ်ချက်က အရမ်းကိုသိသာလွန်းနေခဲ့ကာ မူယန်သည်လည်း သူ၏အကူအညီဖြင့် လင်းကျစ်ရန်ကိုခေါ်လာနိုင်ခဲ့ပါသောကြောင့် အလွန်အမင်းကျေးဇူးတင်လို့နေ၏။မူယန်က အရမ်းကိုရိုးသားပြီးကျေးဇူးသိတတ်သည်ပင်။ကျိုးယွဲ့ကို ဆရာတင်ဖို့ စဥ်းစားနေပုံရသည်။သို့သော် ဒါက မဖြစ်နိုင်မှန်း လင်းကျစ်ရန် သိနေသည်။ ဘာလို့ဆို မကြာမီတွင် တစ်စုံတစ်ယောက် သူ့ကိုလုယူဖို့ထွက်လာပါလိမ့်မည်။

လင်းကျစ်ရန်က အလေးနက်ပင် ဆို၏။

" တစ်ခြားအကြီးအကဲတွေလည်း ရောက်လာကြမယ်လို့ပြောတယ်..အကြီးအကဲတွေက သူတို့စိတ်ကြိုက်တပည့်တွေကိုရွေးချယ်နိုင်ပြီး တပည့်တွေကလည်း သူတို့ရဲ့ဆရာကို ကိုယ်တိုင် ရွေးချယ်နိုင်မှာဆိုတော့ နှစ်ဦးနှစ်ဘက် ကျေနပ်မှတရားဝင်တပည့်ဖြစ်လာနိုင်မှာ ...ငါတို့က လူသစ်တွေပဲ..အရင်ဆုံး စောင့်ကြည့်ကြတာပေါ့..အလျင်စလိုဆုံးဖြတ်ဖို့မလိုဘူး "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now