အပိုင်း(၃၁.၂)

6.8K 844 41
                                    

Unicode.

မူယန်သည် လင်းကျစ်ရန်ဆီသို့ရောက်လာခဲ့ပြန်၏။ ဒီနေ့စုဆောင်းမိခဲ့သည့် ပစ္စည်းများကြောင့်မူယန်ဟာအလွန်ပျော်ရွှင်နေလေသည်။ သူက တံခါးကို တွန်းဖွင့်လိုက်ပြီး လင်းကျစ်ရန်အား ပျော်ရွှင်စွာပြောလိုက်သည်။ " ဒီနေ့ ငါမင်းအတွက် ဘာတွေယူခဲ့တယ် ထင်လဲ။ "

မူယန်က သူ့အတွက် ပစ္စည်းတစ်မျိုးမျိုး ယူလာပေးခဲ့လေ့ရှိပါသောကြောင့် လင်းကျစ်ရန်ဟာ ကျင့်သားရနေပြီပင်။ " ဘာယူလာခဲ့တာလဲ။ "

မူယန်သည် အရည်ရွှမ်းပုံရသည့်ရွှေရောင်အသီးတစ်လုံးကို ထုတ်ယူလိုက်ကာ လင်းကျစ်ရန်ကိုပေးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်ဆို၏။ " ငါမှတ်တမ်းတွေထဲကလေ့လာထားတာ။ဒါက ဒဏ္ဍာရီထဲက ရွှေရောင်သစ်ရွက်ပုံ သစ်သီးတစ်မျိုးပဲ။ဒါက အရိုးတွေကို သန်မာစေပြီး ရိုးတွင်းခြင်ဆီတွေကို အစားထိုးပေးနိုင်တယ်လို့ ပြောကြတယ်။ "

လင်းကျစ်ရန်သည် အရည်ရွှမ်းသောသစ်သီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် လက်ခံလိုက်သော်လည်း စိတ်ထဲတွင်တော့ အရသာ ကောင်း၊မကောင်း တွေးနေမိလေသည်။ လတ်တလောတွင် သူဟာ အဖိုးတန်သစ်သီးအတော်များများကိုစားခဲ့ရပြီး အဲ့ဒါတွေက သူ့ခန္ဓာကိုယ်ကိုတကယ်ပဲ တိုးတက်စေလားတော့မသိပေမယ့် အရသာတော့ အရမ်းရှိသည်ပင်။ မြင့်မြတ်​သောတောင်ထွတ်ပေါ်ရှိ နတ်သစ်သီးများ​က အလွန်ပင် အရသာရှိလှပြီး အနောက်ဘက်တောင်တန်းပေါ်ရှိ သစ်သီးများနှင့် လုံးဝကွာခြားလှသည်ပင်။

လင်းကျစ်ရန်က သစ်သီးကိုယူလိုက်သော် မူယန်ဟာ အမဲရောင်လက်စွပ်တစ်ကွင်းကို အလျင်အမြန်ထုတ်ယူလိုက်ပြီးနောက် ပေးလိုက်ပြန်၏။ " ငါဒီလက်စွပ်ကိုစစ်ဆေးကြည့်ပြီးပြီ။ဒါက အရမ်းကောင်းတဲ့ လက်နက်တစ်မျိုးပဲ။ စွမ်းအင်လှုံ့ဆော်မှုလုံးဝမပါဘဲ ခန္ဓာကိုယ်ကိုကာကွယ်ပေးနိုင်တယ်။ မင်းဝတ်ထားဖို့ အသင့်တော်ဆုံးပဲ။ "

လင်းကျစ်ရန်သည် လက်စွပ်ကိုတည်ငြိမ်စွာ ယူလိုက်ပြန်လေ၏။ ကံကောင်းစွာဖြင့် ဒီနတ်မိမယ်လေးမှာ လက်စွပ်ပေး​ခြင်းကဘာကိုဆိုမှန်း မသိပေ။ မဟုတ်လျှင်တော့ အလွန်ရှက်စရာကောင်းနေလိမ့်ဦးမည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now