အပိုင်း(၃၇.၃)

2.5K 427 9
                                    

Unicode.

လင်းကျစ်ရန် အံ့ဩသွားသည်။ သူ့ရဲ့ နောက်လိုက်က စကားအလွန်နည်းတာပါ။ ဘာလို့ ဒီနေ့ ကျောက်စိမ်းဆွဲပြားအကြောင်းသိချင်လာပြန်တာလဲ။ပြီးတော့ ဒီလူက သူ့ကို မေးတာလည်း ရှားတာမို့ လင်းကျစ်ရန်က လိုလိုလားလား ပြန်ဖြေပေးလိုက်သည်

" အော်...ဒါက ငါ့ရဲ့သူငယ်ချင်းတစ်ယောက် ပေးခဲ့တာ "

ဒီကျောက်စိမ်းဆွဲပြားက လက်ရာမြောက်တယ်လို့ ခံစားရပြီး ဝတ်ဆင်ထားရင် မျိုးရိုးမြင့် သခင်လေးတစ်ယောက်နှင့်တူတာမို့ သူအဲ့ကတည်းက အမြဲ ခါးမှာဆွဲထားခဲ့တာ။

ရွှမ်းရန်ဟာ လက်သီးကို အသာ ဆုပ်လိုက်ပြီး အသံကိုနှိမ့်ကာပြောသည်

" သူငယ်ချင်း.... "

လင်းကျစ်ရန်ဟာ မျက်မမြင်အကြောင်း မတွေးတာ ကြာပြီဖြစ်ပေမယ့် ရွှမ်းရန် အမေး ကြောင့် ထိုနေ့တုန်းက အဖြစ်အပျက်များကို ပြန်တွေးမိပြီး သူ့မျက်လုံးများက မဲနက်လာခဲ့ကာ ခေါင်းတရမ်းရမ်းနှင့် သက်ပြင်းချရင်း

" သူသေသွားရတာ ငါ့ကြောင့်ပါ....

ငါသူ့ဆီကို နှုတ်ဆက်ဖို့ သွားတဲ့အချိန် ငါနဲ့ ရန်ငြှိုးရှိတဲ့ လူက သူ့ကို ရှာတွေ့သွားပြီး သတ်ပစ်လိုက်မယ်လို့ မထင်ထားခဲ့ဘူး " လင်းကျစ်ရန်က စကားရပ်လိုက်ပြီး ဝမ်းနည်းစရာ အဖြစ်အပျက်ကိုတွေးတောနေဟန်တူသည်။ ထို့နောက် ဆိုသည်

" ကဲပါ! ဒါတွေထားလိုက်တော့၊ ငါ ဒီနေ့အပြင်မထွက်တော့ဘူး၊ မင်း ဟင်းချက်စရာတွေသွားဝယ်လိုက်။ သခင်လေးရဲ့ အရည်အချင်းတွေ ပြပေးရမှာပေါ့! "

မျက်မမြင်အကြောင်း ပြန်ပြောရင်း လင်းကျစ်ရန် ဟာ သူ ဒီကမ္ဘာပေါ်မှာ ခက်ခက်ခဲခဲနှင့် ဖြစ်မြောက်အောင် ကြိုးစားနိုင်ခဲ့တဲ့ တစ်ခုတည်းသော ဟင်းချက်စွမ်းရည် အ​ကြောင်းတွေးမိတော့ လက်တွေ ယားလာခဲ့သည်။ပြီးတော့ နေ့တိုင်းအပြင်ထွက်စားရတာကြာတော့လည်း ရိုးအီလာတာမို့ ဒီနေ့တော့ အိမ်ထမင်းအိမ်ဟင်းပဲ စားတော့မည်!

ဒါနဲ့ ငါ ဘာချက်သင့်လဲ? အာ! ဟော့ပေါ့ပဲ ချက်လိုက်တာပေါ့!

လင်းကျစ်ရန်က ကိုယ့်စိတ်ကူးနဲ့ကိုယ်ကျေနပ်နေသည်။ ရွှမ်းရန်က ဘာမှမပြောဘဲ ခနမျှတွေဝေပြီးမှ လှည့်ထွက်သွားခဲ့သည်။ မကြာမီ သူဟာဟင်းသီးဟင်းရွက်တွေ တစ်ပုံတခေါင်း ကြီးနှင့်ပြန်လာခဲ့သည်။ လင်းကျစ်ရန်က ဟင်းချက်စရာတွေ ယူလိုက်ကာ ရွှမ်းရန်ကို အပြင်မှာ စောင့်ခိုင်းထားပြီး မီးဖိုချောင်ထဲပြေးဝင်သွားတော့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now