အပိုင်း(၁၄.၁)

6.3K 987 59
                                    

Unicode.


လျှပ်တစ်ပြတ် အချိန်အတွင်းမှာပင် ကျောက်မင်ဇယ်သည် ဝမ်းယွီ၏ ဆွဲခေါ်​​ခြင်းခံလိုက်ရကာ မျက်နှာပေါ်သို့ လက်သီးတစ်ချက်ပင် ကျရောက်လာသောကြောင့် အနောက်သို့ခြေနှစ်လှမ်းမျှ ယိမ်းယိုင်လို့သွားခဲ့ပြီးမှ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်၍ ထိန်းနိုင်လိုက်သည် ။ သူက ပါးစောင်ကို လျှာဖြင့်တို့ထိ၍ သွေး၏အရသာကို ခံစား၊မြည်းစမ်းကြည့်ပြီးနောက် မျက်မှန်ကိုဆွဲချွတ်လိုက်ကာ ဝမ်းယွီအား အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေ၏ ။

မမျှော်လင့်ထားသော အခြေအနေကြောင့် လင်းကျစ်ရန်မှာ လန့်ဖြန့်နေရာမှ ပြန်၍သတိဝင်လာခဲ့သည် ။ ဒီလိုအချိန်မှာမှ ဝမ်းယွီက ကွက်တိရောက်လာခဲ့တယ်ဆိုတော့ အရမ်းကို တိုက်ဆိုင်လွန်းမနေဘူးလား?

ဝမ်းယွီမှာ လက်သီးကို တင်းနေအောင်ဆုပ်ထားရာ လက်ဆစ်များကပင် ' တဂျွတ်ဂျွတ် ' မြည်လာသလိုပင်၊ သူ၏ မျက်နှာမှာလည်း လုံးဝကို ခက်ထန်နေပြီး အသံက အလွန်အမင်း ​အေးစက်နေလျက်သား ။

" မစ္စတာကျောက်..ဒါ ဧည့်သည်တစ်ယောက်က အိမ်ရှင်အပေါ်ပြုမူသင့်တဲ့အရာလား? "

ကျောက်မင်ဇယ်က သူ၏လက်ဖမိုးဖြင့် နှုတ်ခမ်းထက်ရှိသွေးစသွေးန များကို အသာပွတ်သုတ်လိုက်လျက်၊ သူ၏ဇာမဏီ မျက်ဝန်းများက မသိမသာ ပင့်တက်နေကာ တမင်တကာ လုပ်ပြုံး ပြုံးယူလိုက်ပြီး ။

" ငါက ဘာလို့ မပြုမူသင့်ရမှာလဲ?ငါလုကျန်းကို ကြိုက်လာတာ မင်းထက်တောင်ကြာသေးတယ်..မင်းက ဒီတိုင်းကံကောင်းသွားခဲ့ရုံပဲ "

လင်းကျစ်ရန်:...

[System: လူကြီးမင်း..တစ်ခုခုလုပ်သင့်တယ်လို့ မထင်ဘူးလား?]

[လင်းကျစ်ရန်မှာ ခဏမျှတုံ့ဆိုင်းနေပြီးမှ: ငါက လိမ္မာယဥ်ကျေးတဲ့ လူတစ်ယောက်လေ..လက်ပါတာထက် လူကြီးလူကောင်းဆန်ဆန် ပါးစပ်နဲ့ဖြေရှင်းရတာကိုပိုသဘောကျတယ်..ဒါပေမယ့် ငါဝင်ပြောလိုက်လို့ ပိုဆိုးသွားရင်ရော..ပြီးတော့ ငါဘယ်လိုရှင်းပြသင့်လဲ မသိဘူး..သူတို့ ကားဂိုဒေါင်လိုမျိုး နေရာကျယ်ကျယ်မှာ ရန်သွား​ဖြစ်သင့်တာ..အဲ့မှာဆိုပိုပြီး လွတ်လပ်သေးတယ် မလား?]

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now