အပိုင်း(၄၄.၂)

1.8K 228 2
                                    

Unicode.

မင်း ငါ့ကိုမုန်းနေမှန်းလည်း ငါသိပါတယ်။

ရွှမ်းရန်သည်လင်းကျစ်ရန်ရဲ့လက်မောင်းကိုဆုပ်ကိုင်ကာပွေ့ဖက်ထားပြီးသူ့မျက်ဝန်းများကအနည်းငယ်စိတ်ဓါတ်ကျဟန်တူသည့်တိုင် ဝမ်းနည်းနေသော်လည်း နူးညံ့စွာပြုံးပြလိုက်သည်

" သိပ်မတွေးပါနဲ့...ငါမင်းကို ဒီမှာပိတ်ထားဖို့လည်းစိတ်ကူးမရှိဘူး...မင်းနေကောင်းတာနဲ့ ထွက်သွားခွင့်ပေးမယ်...မူယန်နဲ့လည်းတွေ့လို့ရမှာပါ...အဆင်ပြေတယ်မို့လား "

လင်းကျစ်ရန်သည်ရွှမ်းရန်ကိုနက်ရှိုင်းစွာကြည့်မိရင်းရင်ထဲတွင်သက်ပြင်းချလိုက်သည်၊သူ့မျက်လုံးများက တဖြည်းဖြည်းစူးရဲကာ တောက်ပလာခဲ့သည်

" အတွေးလွန်နေတဲ့လူက ကျွန်တော်မဟုတ်ဘူး "

ရွှမ်းရန်က ထိတ်လန့်သွားခဲ့သည်၊လင်းကျစ်ရန်ကဆက်ပြောလာသည်

" ကျွန်တော်မူယန့်ကို ထပ်မတွေ့တော့ဘူး...ကျွန်တော့်ရဲ့ဒီအခြေအနေကိုလည်းသူ့ကိုမမြင်​စေချင်ဘူး...ကျွန်တော့်ကိုကယ်တင်ဖို့ ခင်ဗျားကိုယ်ခင်ဗျား တွန်းအားမပေးစေချင်တော့တာ... နားလည်ရဲ့လား "

လင်းကျစ်ရန်ကိုဆုပ်ကိုင်ထားသောရွှမ်း
န်ရဲ့လက်များက အနည်းငယ်တုန်ခါသွားခဲ့ပြီး အနက်ရောင်မျက်ဝန်းများထဲတွင်လည်းထိန်းမနိုင်သိမ်းမရစွာနာကျင်မှုများဖြင့်ပြည့်နှက်နေကာခါတိုင်းတွင် ရေသေလိုတည်ငြိမ်နေတဲ့မျက်နှာသည်လည်းဝမ်းနည်းမှုကိုဖုံးကွယ်၍မရတော့ဘဲ ပျက်ယွင်းသွားခဲ့လေသည်။ဤတစ်ကြိမ်တွင်မာနကြီးပြီးအိန္ဒြေကြီးလှသော နတ်ဘုရားအရှင်သည် သူ့ရဲ့မတည်ငြိမ်မှုကိုအမှန်တကယ်ပင်ပြသလာခဲ့လေသည်။

လင်းကျစ်ရန်သည်အနည်းငယ်ဝမ်းနည်းလာခဲ့တော့သည်၊သူသည်အသက်ရှင်နေလျှင်ပင်ဤလူကိုဘာမှပြန်၍မလုပ်ပေးနိုင်၊ လင်းကျစ်ရန်သည်ရွှမ်းရန်ရဲ့ပုခုံးပေါ်သို့လက်တင်လိုက်ကာ အားယူ၍ခေါင်းမော့ပြီးရွှမ်းရန်ရဲ့နှုတ်ခမ်းကို မိမိနှုတ်ခမ်းဖြင့်ဖိကပ်လိုက်လေသည်။ဤအနမ်းသည်နူးညံ့သောအနမ်းတစ်ခုဟု မဆိုနိုင်စွာပင်ကြာရှည်လှပြီးဒေါသအနည်းငယ်တောင်ပါဝင်နေဟန်တူ​၏။ရွှမ်းရန်ရဲ့မျက်လုံးများသည်လည်းချက်ချင်းပင်ပြူးကျယ်သွားခဲ့​ပြီးသူ့ကိုအံ့ဩစွာကြည့်လာခဲ့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now