အပိုင်း(၂၄.၃)

4.1K 763 34
                                    

Unicode.

စုန့်ကျိုးမြို့သည် ချီရန်မသေမျိုးလောကရှိ မြို့ပေါင်း ကိုးဆယ့်ကိုးမြို့ထဲမှ တစ်မြို့သာဖြစ်ပြီး ဝေးလံခေါင်ဖျားကာ အရင်းအမြစ်လည်းနည်းပါးသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် စွမ်းအားကြီးသော တန်ခိုးရှင််တစ်ယောက်မှ ပေါ်ထွန်းခဲ့ခြင်းမရှိသလို စင်ကြယ်သောနန်းတော်သို့ ဝင်ရောက်နိုင်သူက လက်တစ်ဆုပ်သာရှိလေသည်။ တကယ်လို့သူဒီမှာမလုပ်နိုင်လျှင် စင်ကြယ်သောနန်းတော်မှာဆိုနည်းလမ်းရှိလေမလား။

ချီရန်မသေမျိုးလောက၏ အမြင့်မြတ်ဆုံးနေရာဖြစ်သည့် စင်ကြယ်သောနန်းတော်သည် အဖိုးတန်အမွေအနှစ်များ အပေါကြွယ်ဝဆုံးနေရာဖြစ်ပြီး အမျိုးမျိုးသောကျင့်စဥ်နည်းလမ်းများနှင့် ဆန်းပြားသောလျှို့ဝှက်ချက်များကို ရှာဖွေနိုင်ကာ လူသားတိုင်းတောင့်တကြသည့် ကောင်းကင်ဘုံသို့တက်လှမ်းရာ လမ်းပင်ဖြစ်သည်။

မူယန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး တွေးတောနေလေသည်။ သူ့ရဲ့အခက်အခဲကို အဲ့ဒီနေရာမှာ ဖြေရှင်းနိုင်မလား။

မူယန့်အမူအရာကို လင်းကျစ်ရန် မြင်သော် သူ့ကိုမကူညီနိုင်သဖြင့်စိတ်မကောင်းဖြစ်နေမှန်း သိသည်။ ဒီလူက အရမ်းကိုကြင်နာတတ်တဲ့နတ်သမီးလေးတစ်ပါးပင်။ ဒါပေမယ့် သူကိုယ်တိုင်က ဒီလိုခန္ဓာကိုယ်မျိုးနှင့်မွေးလာသောကြောင့် သူ့အပြစ်မဟုတ်ပေ။ ရွှမ်းရန်ကိုယ်တိုင်ဆိုလျှင်တောင် သူ့ကံကြမ္မာကိုပြောင်းလဲရန်ခက်လေရာ မူယန်အခက်တွေ့နေတာကမဆန်းလှပါ။

လင်းကျစ်ရန်သည် မူယန်စိတ်မကောင်းဖြစ်နေတာကိုဆက်ကြည့်မနေနိုင်တော့သောကြောင့်နှစ်သိမ့်ပေးလိုက်၏။

" ကိစ္စမရှိပါဘူး "

မူယန်က သူ့ကိုစိုက်ကြည့်လာလေသည်။

လင်းကျစ်ရန်က ခပ်ဖျော့ဖျော့ ပြုံးသည်။သူ၏မျက်ဝန်းများက နက်ရှိုင်းနေပြီးတည်ငြိမ်စွာဆို၏။

" ငါဒါကို ကျင့်သားရနေပြီးသား..တကယ် ကိစ္စမရှိဘူး "

မူယန်သည် ရုတ်တရတ် လက်သီးဆုပ်လိုက်သည်။ သူကလင်းကျစ်ရန်၏ မျက်ဝန်းများကို စိုက်ကြည့်နေမိသည်။မင်းစိတ်ပျက်ပြီးဝမ်းနည်းနေမှန်း သိသာနေပေမယ့် ငါ့ကိုနှစ်သိမ့်ပေးချင်သေးတယ်။ မဟုတ်ဘူး...ငါ ကံတရားကို ဒီလောက်လွယ်လွယ်နဲ့ အရှုံးမပေးဘူး။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now