အပိုင်း(၁၇.၂)

7.1K 975 42
                                    

Unicode.

သူတို့နှစ်ဦးသားမှာ လေယာဉ်ဖြင့် Bမြို့သို့ပြန်လာခဲ့ကြပြီး ကျောက်မင်ဇယ်က ကိုယ်တိုင်ကားမောင်းကာလင်းကျစ်ရန်ကို အိမ်ပြန်လိုက်ပို့ပေးလေသည် ။ လမ်းတွင်သူက ဆို၏ ။

" လုကျန်း..ကိုယ့်အိမ်ကို ပြောင်းမလာချင်ဘူးလား "

ပုံမှန်ဆို အိပ်ပျော်လုနီးပါးဖြစ်နေသည့်လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်၏ စကားသံကိုကြားသော် ချက်ချင်းလက်ငင်းပြန်ဖြေလေ၏ ။

" တော်ပါပြီ "

ကျောက်မင်ဇယ်က ထိုအကြောင်းကို ဆက်မပြောတော့ဘဲ တိတ်တဆိတ် မောင်းနှင်လာခဲ့တော့သည် ။ သူတို့ လင်းကျစ်ရန်၏ အိမ်သို့ရောက်သော် ဉာဉ့်နက်နေပြီ ။

လင်းကျစ်ရန်က ကျောက်မင်ဇယ်ကို ပြုံးပြလိုက်ပြီး ။

" အထဲထိမဝင်ဘဲ ဒီမှာပဲရပ်လိုက်တော့..နောက်ကျနေပြီဆိုတော့ မင်းလည်း အိမ်ပြန်ပြီး အနားယူတော့လေ "

ကျောက်မင်ဇယ်က ခေါင်းငြိမ့်သည် ။ သူ့၏အမူအရာက အလွန် ကြင်နာနေလျက် ။

" အင်း..ဟုတ်ပါပြီ "

သို့သော် လင်းကျစ်ရန် ကျောခိုင်းပြီးသည်နှင့် အလိုမကျသော အရိပ်အယောင်များက သူ့၏မျက်ဝန်းထဲတွင် အတိုင်းသား ထင်ဟပ်လာလေသည် ။

လင်းကျစ်ရန်မှာကားထဲမှ ထွက်ပြီး သမ်းဝေလိုက်၏။ သူဒီညတော့ ကောင်းကောင်းအိပ်ရေးဝအောင်အိပ်ပြီး မနက်ဖြန်အတွက်ပြင်ဆင်ရလိမ့်မည် ။ သူက ဘာမှမတွေးဘဲ လမ်းလျှောက်လာရင်း တံခါးရှေ့တွင် လူတစ်ယောက်ရပ်နေသည်ကို အမှတ်တမဲ့ တွေ့လိုက်ရသည် ။

ထိုလူက လုဆွေ့ပင်...။

ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က လုဆွေ့မှာ မုတ်ဆိတ်မွှေးများကိုပင် ရိပ်သင်ထားခြင်းမရှိ..သူ၏ မျက်ဝန်းနှစ်ဖက်သည်လည်း အချိန်အကြာကြီး အနားမယူထားသကဲ့သို့နီရဲနေကာ သွေးများပင်ပန်းထွက်လာတော့မည့်အလား ။ ထို မျက်ဝန်းနီရဲရဲများမှာ ညသန်းခေါင်ယံတွင် အချိန်မရွေးရူးသွပ်သွားနိုင်သည့် အထီးကျန်ဝံပုလွေတစ်ကောင် သဖွယ်ပင် ။ လင်းကျစ်ရန်၏ နှလုံးသားမှာလည်း ကဆုန်ပေါက်လို့နေပြီး ကြောက်ရွံ့မှုကြောင့် ထွက်ပြေးချင်လာမိသည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now