အပိုင်း(၄၂.၁)

1.7K 288 6
                                    

Unicode.

လင်းကျစ်ရန်ရဲ့မျက်လုံးများကထိတ်လန့်မှုကြောင့်ပြူးကျယ်သွားခဲ့သည်။ ကြည့်ရတာ မူယန်က ယဲ့လျှိုရင်လှည့်စားတာခံလိုက်ရပြီထင်​၏။ ဒါပေမယ့် ဘာလို့သူ့ကို ဒီလိုလုပ်ရတာလဲ?

ယဲ့လျှို ရင်က ဉာဏ်များပြီး သွေးဆောင်ဖျားယောင်းတဲ့နေရာမှာတော်ပေမယ့် လူတစ်ယောက်တွင် စွဲလိမ်းစိတ်ရှိနေမှသာ သွေးဆောင်ခံရနိုင်လိမ့်မည်။ မူယန်ရဲ့ စွဲလမ်းစိတ်က ရွှမ်းရန်ကို မုန်းတီးနေခြင်းသာ ဖြစ်သည်။ သူနဲ့ မူယန်ကမူ သူငယ်ချင်းကောင်းတွေပင်။ဒီလိုမဖြစ်သင့်....လင်းကျစ်ရန်ဟာ တစ်ကိုယ်လုံးအေးခဲသွားသည်။

ငါကမင်းကို ညီအစ်ကိုလိုဆက်ဆံပေမယ့်...မင်းကတော့ငါနဲ့အိပ်ချင်တယ်...ဆိုတဲ့အတိုင်းဖြစ်နေသည်။

ဒါနဲ့ သူဒီစာသားကိုရင်းနှီးနေသလိုပင်၊ ဒါက သူဒီကမ္ဘာကိုစရောက်လာခဲ့စဉ် ဇာတ်ညွှန်းထဲမှာဖတ်ခဲ့ရတဲ့ မူယန်နှင့် လီယဲ့ရဲ့ဆက်ဆံရေးပင်ဖြစ်သည်။ နေရာ ချင်းလွဲသွားရုံသာ။အကုန်ပြောင်းပြန်တွေဖြစ်ကုန်ရုံသာ...

လင်းကျစ်ရန်သည် မူယန်ကိုအကြမ်းပတမ်းတွန်းထုတ်ပစ်လိုက်သည်။ ဒီရက်ပိုင်းအတွင်း ယဲ့လျှိုရင်ချထားတဲ့ အတားအဆီးကို ချိုးဖျက်ဖို့ အင်အားအတော်များများသုံးခဲ့ရပေမယ့် ကြံ့ခိုင်မှုမှာတော့ အလွန်အားကောင်းနေဆဲဖြစ်သည်။သို့ပေမယ့် သူ တွန်းထုတ်လိုက်တာက မူယန်ရဲ့ဒေါသကိုပိုပြီးမြှင့်ပေးသလိုဖြစ်သွားစေသည်။

မူယန်က သူ့လက်ကောက်ဝတ်ကိုခေါင်းပေါ်တွင်မြှောက်၍ဖိကပ်ထားလိုက်သည်။ သူ့ရဲ့ မျက်နှာနုနုလေးမှာ ခါတိုင်းနှင့်မတူစွာ ခက်ထန်နေကာ အကြည့်တွေကလည်း စူးရဲနေတာကြောင့် လင်းကျစ်ရန် ထိတ်လန့်သွားသည်။

ငလူး! မူယန်က အားသန်လိုက်တာ!!!

မူယန်သည် လင်းကျစ်ရန်ရဲ့မျက်နှာကို စိုက်ကြည့်ရင်း ထို့နေ့က စွဲမက်စရာပုံရိပ်တွေဟာ သူ့အာရုံထဲတွင်တရွေ့ရွေ့နှင့် ထပ်မံ၍ပေါ်လာပြန်သည်။ဒီအချိန်တွင် သူ့ရင်ထဲကဆန္ဒတွေကို မျိုသိပ်လို့မရနိုင်တော့...ရင်ထဲရှိစွဲလမ်းမှုမှာလည်းကြီးထွားလာကာ လင်းကျစ်ရန်ကို ဆွဲခေါ်လာပြီး ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ထို့နောက် အပေါ်မှအုပ်မိုးကာ လင်းကျစ်ရန်​၏ ဝတ်ရုံကို လက်တစ်ဖက်ဖြင့်စုတ်ဖြဲလိုက်သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now