အပိုင်း(၃၆.၂)

3.1K 461 13
                                    

Unicode.

"ဒါပေမယ့် သူ့အတွက်ကြောင့် မင်းအခုသေရတော့မယ်။ " ဟန်ရှန်းက ကျောက်စိမ်းဆွဲပြားကို ထိခတ်လိုက်ရင်း မျက်ခုံးပင့်ကာပြုံးသည်။ " ငါမင်းကို ပြောပြလို့မရတာတော့ မဟုတ်ဘူး။ တကယ်တော့ ဒီကျောက်စိမ်းဆွဲပြားက ငါ့ရဲ့ အဖေတူအမေကွဲညီလေးပိုင်တာလို့ပဲ ဆိုပါတော့။ "

လင်းကျစ်ရန်က အလွန်အံ့ဩသွားပုံရ​၏။

ဟန်ရှန်းက နှာမှုတ်လိုက်သည်။ " သူက ငါ့အဖေ အချစ်ဆုံးသားတစ်ယောက် ဆိုလည်းဟုတ်တယ်။ငါ့ အမေက ကြင်နာပြီးဖြောင့်မတ်ပေမယ့် ငါ့အဖေကတော့ ငါတို့သားအမိကိုကျော်ပြီး သူ့ကို အမွေဆက်ခံခိုင်းဖို့ပဲ တစ်ချိန်လုံးတွေးနေတော့တာ။ ငါ ဘယ်လောက်ကြိုးစားကြိုးစားအရာမရောက်ခဲ့ဘူး။ငါ့အဖေ မျက်လုံးထဲမှာသူတစ်ယောက်ပဲရှိတယ်။ အဲ့တာမို့ ငါ သူ့အမေကို ပြည့်တန်ဆာအိမ်ထဲ ပစ်သွင်းခဲ့လိုက်တယ်။ သူမက ယောက်ျားတွေကို မြူဆွယ်ရတာကြိုက်တယ်မလား။ အဲ့မှာ အလုပ်ခံရပြီးသေသွားပါစေ မကောင်းဘူးလား။ သူ့အတွက်ကတော့ ငါသူ့ကို သေအောင်မုန်းတယ်။သူသေသွားဖို့ အမြဲမျှော်လင့်တယ်။ ဒါပေမယ့် လွယ်လွယ်လေးပေးသေလို့ဖြစ်ပါ့မလား။ "

လင်းကျစ်ရန်က မျက်မှောက်ကြုတ်သည်။ " မင်းအရမ်းရက်စက်တာပဲ။ သူမင်းအပေါ်ဘာအမှားလုပ်ခဲ့ဖူးလဲ။ "

ဟန်ရှန်းက ကျယ်လောင်စွာရယ်မောလာခဲ့ပြီး လူက အရူးတစ်ယောက်နှင့်မခြားနှားစွာ " ဒါပေါ့ သူအမှားလုပ်ခဲ့တာပေါ့။ သူက အဲ့ မိန်းမပျက်က မွေးတဲ့မျိုးမစစ်ကောင်။ ကိုယ့်နေရာကိုယ်မသိဘဲ ငါပိုင်တဲ့အရာတွေနဲ့ ငါ့အဖေရဲ့နှစ်သက်မှုကို လုယူပစ်တဲ့ကောင်ပဲ။ သူ့လို့ကောင်က ငါ့ခြေဖဝါးအောက်မှာ အမြှီးနှံ့ပြီးနေသင့်တဲ့ ခွေးအဆင့်။ ဒါပေမယ့် သူနဲ့ မတန်အရာတွေကို စိတ်ကူးယဉ်တယ်လေ။ ပြောကြည့် သူ့အပြစ်က မလုံလောက်ဘူးလား။ "

လင်းကျစ်ရန်က ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီး မေးသည်။ " အဲ့ဒါပဲပေါ့"

ဟန်ရှန်းက လှောင်သည်။ " ဘာလဲ မလုံလောက်သေးဘူးလား။ "

လင်းကျစ်ရန်ရဲ့ လေသံက တဖြည်းဖြည်း ထူးဆန်းလာကာ မျက်လုံးမှေးကျဉ်းလျက်ဆိုသည်။ " ဆိုတော့ သူက မင်းအပေါ်ဘာအမှားမှ မကျူးလွန်ခဲ့ဘူး။ မင်းထက် ပို သာနေတာ တစ်ခုနဲ့တင် မင်းက သူ့မျက်လုံးကို ဖောက်ထုတ်၊ ခြေလက်တွေ ဖြုတ်ပြီး လျှာကို ဆွဲထုတ်ပစ်တယ်ပေါ့။ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now