အပိုင်း (၁၈)

6.9K 955 22
                                    

Unicode.

ရုတ်တရတ်ရင်ဆိုင်လိုက်ရသောအကျပ်အတည်းက ကျောက်မင်ဇယ်အားပထမဆုံးအကြိမ် စိတ်မသက်မသာဖြစ်စေ၏ ။ သူဟာ လုဆွေ့ကို အလွန်အေးစက်သောမျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်ပြီး လေသံဖြင့်ပြောသည် ။

" အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ "

သို့ပေမယ့် လုဆွေ့က ဘယ်လိုလုပ်ပြီး ကျောက်မင်ဇယ်ခြိမ်းခြောက်တာကိုငြိမ်ခံနေမှာလဲ? သူလုပ်ခဲ့တဲ့ အရာတွေကြောင့် သူ့ကိုယ်သူသတ်သေချင်မိပြီး ကျောက်မင်ဇယ်ကိုပါသတ်ပစ်လိုက်ချင်သည် ..သူ့ အစ်ကိုကြီးအား နောက်ထပ်ဘယ်သူကမှလှည်စားပြီးနာကျင်အောင်လုပ်ခွင့်မပေးနိုင်ပေ ။

လုဆွေ့၏မျက်ဝန်းများက ကဲ့ရဲ့ရှုံ့ချခြင်းများအပြည့်နှင့် လှောင်ထေ့လေသည် ။

" ကျွန်တော် ပြောတာအဓိပ္ပါယ်မရှိတာ ဟုတ်မဟုတ် ခင်ဗျားတကယ်မသိဘူးလား "

သူက ကျောက်မင်ဇယ်၏လက်အား ဆွဲဖယ်လိုက်ပြီး လင်းကျစ်ရန်ကို ကြည့်ကာဆိုသည် ။

" ကော..ဒီလူကိုယုံလို့မရဘူး..ကျွန်တော် ဝမ်းယွီကိုလွှတ်မပေးဘူးလို့ ပြောခဲ့တဲ့ အဲ့ဒီနေ့ကိုမှတ်မိလား..ကျွန်တော်ထွက်လာပြီးတော့ သူက ကျွန်တော်နဲ့ပူးပေါင်းပြီး ဝမ်းယွီကို ဖြေရှင်းဖို့သူပဲပြောခဲ့တာ "

သူဟာ နာကျင်မှုနှင့်အပြစ်မကင်းစိတ်တွေကြောင့် တွန့်ဆုတ်နေမိသော်လည်း လင်းကျစ်ရန်မယုံကြည်မှာစိုးသဖြင့် အံကြိတ်ကာ ဆက်ပြောလိုက်သည် ။

" တကယ်လို့ ကျွန်တော်တစ်ယောက်တည်းသာဆို ဝမ်းယွီကို အချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ်ပြီး အဲ့အခြေအနေထိတွန်းပို့နိုင်မှာလဲ?..ကျွန်တော်က ပေါ်ပေါ်ထင်ထင် တိုက်ခိုက်နေတဲ့အချိန်မှာ သူက နောက်ကွယ်က လှုပ်ရှားနေတာ..ပြီးတော့ ကောမသိတာတစ်ခုရှိသေးတယ်..ကျွန်တော်နဲ့ဝမ်းယွီရဲ့ပုံတွေကို သူပဲ ကောဆီပို့လိုက်တာ... "

လင်းကျစ်ရန်မှာ အံ့သြသွားမိသည် ။ ဒီအရာတွေအားလုံးက ငါသိပြီးသားတွေပါ..ဒါပေမယ့် လုဆွေ့ကဘာလို့ရုတ်တရတ်ကြီး လာပြောပြပေးနေရတာလဲ...? ငါ့ကိုပြင်ဆင်ချိန်လေးတောင် မပေးဘူး...

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now