အပိုင်း(၃၂.၁)

2.4K 282 5
                                    

Unicode

လင်းကျစ်ရန်၏ မျက်ဝန်းများက အလွန်စူးရှနေသောကြောင့် မူယန်ဟာ နေရခက်စွာဖြင့်အကြည့်လွှဲလိုက်ပြီး သူ၏နားရွက်ဖျားများက နီရဲလာခဲ့ပါတော့သည်။ လင်းကျစ်ရန်က ဘာလို့ သူ့ကို ဂရုစိုက်ပေးတာလဲ။သူအဆင်မပြေဖြစ်နေမှာကို စိတ်ပူပေးရုံသပ်သပ်ပဲလား..ဒါမှမဟုတ် သူလည်း အခြားအတွေးမျိုးရှိနေတာလား။

မူယန်ဟာ လမ်းတစ်လျှောက်လုံး ဒီအကြောင်းကိုပဲတွေးတောနေခဲ့လေပြီး သူတို့အားလုံးလိုရာခရီးသို့ရောက်လာတော့မည့် အချိန်အထိ မှိုင်တွေနေလေသည်။

ဆန့်ကျင်ဘက်အားဖြင့် လင်းကျစ်ရန်၏ အမူအရာမှာ လေးနက်ပြီးတည်ကြည်နေသောဟန်ဖြင့်။ဇာတ်ညွှန်းတွင် ဒီအခန်းက အလွန်အရေးကြီးပြီး အန္တရာယ်လည်းများသည်။ သူ အချိန်မရွေးသတိရှိနေဖို့လို၏။ မဟုတ်ပါက သူတို့ တစ်ဖွဲ့လုံးအဖျက်ဆီးခံလိုက်ရနိုင်သည်ပင်။ထိုစဥ်က သူဇာတ်ညွှန်းဖတ်လိုက်ရသည့်အချိန်တွင် ဒီအခန်းဟာ မူယန်အတွက်ထောင်ချောက်တစ်ခုပဲလို့ တွေးခဲ့မိသည်။

မူယန်ဟာ အခုချိန်တွင် ​စွမ်းအားကြီးနေပြီမှန်း အားလုံးကသိထားခဲ့ကြသည့်အလျောက် သာမန် မိစ္ဆာမှော်ကျင့်ကြံသူများကိုရင်ဆိုင်ရဖို့က လုံးဝပြဿနာမရှိပေ။ ဒါ့အပြင် စင်ကြယ်သောနန်းတော်၏ ဒါဇင်ထက်မကသောတပည့်များကလည်း သူ့နောက်တွင်လိုက်ပါလာခဲ့သေးသည်။ဒီအဖွဲ့ဟာ ချီရန်မသေမျိုးလောက၏ ဝေးလံခေါင်ဖျားသောဒေသများကိုတောင် အခက်အခဲမရှိသွားလာနိုင်ပြီး မသေမျိုးလောကရှိ မိစ္ဆာမှော်ကျင့်ကြံသူများမှာလည်း အလွန်ပင်အဆင့်နိမ့်ပြီး မိစ္ဆာတပ်သားများက အနည်းအကျဥ်းလောက်သာရှိတတ်သည်။ သူတို့က စင်ကြယ်သောနန်းတော်၏ တပည့်များကိုမြင်လျှင် ထွက်ပြေးတတ်လေ့ရှိခဲ့သောကြောင့်အန္တရာယ်များမည်မဟုတ်ပေ။

သို့သော်လည်း ထိုနေရာတွင် ပုန်း​အောင်းနေခဲ့သူမှာ မိစ္ဆာလောကမှတပ်မှူးတစ်ယောက်ဖြစ်နေခဲ့သည်ပင်။သူက သာမန်မိစ္ဆာမှော်ကျင့်ကြံသူယောင် ဆောင်ထားခဲ့ပြီး ပြင်းထန်သော သေကြေပျက်စီးမှုများနှင့် ကြောက်မက်ဖွယ် အရာများကို တစ်ခုမှမလုပ်ခဲ့ဘဲ အသေးအဖွဲပြဿနာများကိုသာလုပ်ယူဖန်တီးခဲ့လေသည်။အားလုံးက သတိလက်လွတ်ဖြစ်နေကြသည့်အချိန်မှသာ မိစ္ဆာတပ်မှူးဟာ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းကို အံ့သြထိတ်လန့်သွားစေခဲ့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now