အပိုင်း(၁၁.၂)

6.7K 991 29
                                    

Unicode.

ဝမ်းယွီက ကျောက်မင်ဇယ်အား အေးစက်စွာကြည့်လာသည်။ သူတို့၏ မျက်ဝန်းများက တစ်ဖက်နှင့်တစ်ဖက် တွန်းကန်နေသကဲ့သို့ ။

ဝမ်းယွီ၏ အကြည့်များက အေးခဲနေသလိုမျိုး လင်းကျစ်ရန်ခံစားနေရပြီး ကျောက်မင်ဇယ်၏ အကြည့်များကမူ တောက်လောင်နေရာ ရေခဲနှင့်မီး အားပြိုင်နေသည့် အတိုင်းပင်ဖြစ်နေသောကြောင့် သူအဝေးသို့ အကြည့်လွှဲထားလိုက်ပြီး ဖော်ရွေစွာပင်ပြောလိုက်သည် ။

" စားကြရအောင်...ငါ နေ့လည်စာပဲ စားရသေးတာမလို့ "

' အားနာမနေတော့ဘူး!ငါအရင်စားနှင့်ပြီ...မင်းတို့ ဖာသာ စားချင်စား မစားချင် နေကြ '

ကျောက်မင်ဇယ်က အတော်လေးစိတ်လျော့သွားပြီး တူကိုကိုင်လျက် စတင်စားလိုက်ပြီးနောက် ဝမ်းယွီကို ဖျတ်ခနဲ ကြည့်ကာ အပြုံးဖြင့် အမေးရှိလိုက်ဖို့ပင် အချိန်ရသေးပါ၏ ။

" မင်းဘာလို့ မစားတာလဲ...ငါတို့အားလုံးက မိတ်ဆွေတွေပဲမလား...အားနာစရာမလိုပါဘူး "

ဝမ်းယွီကလှောင်လိုက်၏, ဘယ်သူက ခင်ဗျားရဲ့မိတ်ဆွေလဲ...?

သို့သော် သူခေါင်းလှည့်ကြည့်လိုက်ပါသော် လင်းကျစ်ရန်မှာ ပျော်ရွှင်စွာ စားသောက်နေလေရာ သူ့အနေဖြင့် အသက်ရှုပင်ကျပ်လာသလိုမျိုး ကူကယ်ရာမဲ့သည့် အမူအရာကို ပြသလိုက်ရန်သာ တတ်နိုင်လေသည် ။

" မစ္စတာကျောက်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ "

ဝမ်းယွီက ပေါ့ပါးစွာ မေးလိုက်သည် ။

ကျောက်မင်ဇယ်က ပြုံးကာ ။

" ကိုယ်နဲ့ လုကျန်းခင်လာတာ ၁၀နှစ်မကတော့ဘူး...ကိုယ်တို့ ဒီနေရာမှာ ခဏခဏ လာထိုင်​ဖြစ်တယ်ဆိုတော့ အခုလို တိုက်တိုက်ဆိုင်ဆိုင် လာတွေ့မိကြတာ မထူးဆန်းပါဘူး "

ဝမ်းယွီက တူကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ၏အသံက မသိမသာအေးစက်နေကာ ။

" တကယ်ပေါ့ "

ထိုစကားလုံးများက လင်းကျစ်ရန်၏ နားထဲသို့ ဝင်လာပါသော် သူ့ခဗျာ ကြောက်လန့်မှုကြောင့် စားနေရင်း နင်သွားရကာ ရေခွက်ကို လှမ်းယူလိုက်သည် ။ သို့သော်ရေခွက်က ချက်ချင်းပင် သူ့လက်ထဲသို့ တွန်းထည့်ခံလိုက်ရသည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now