အပိုင်း(၂၆.၃)

4.1K 734 20
                                    

Unicode.

လင်းကျစ်ရန်သည် မူရန်နှင့် အတူအပေါ်ထပ်သို့တက်လာခဲ့သည်။ အခန်းက ကောင်းပြီး အိပ်ရာကလည်းကြီးသည်။ လူနှစ်ယောက်လောက် ကောင်းကောင်းအိပ်လို့ရလေသည်။မူယန်နှင့် အတူအိပ်ရမှာ အနည်းငယ်အခက်တွေ့စေပေမယ့်...သူတို့နှစ်ယောက်က ရိုးရိုးညီအစ်ကိုကောင်းတွေပင်။ ညီအစ်ကိုနှစ်ယောက်အတူအိပ်တာက ဘာပြဿနာမှမရှိ​​ပေ။ သက်တောင့်သက်သာမဖြစ်သလို ခံစားနေဖို့လည်းမလို။ သူက ဂေးဖြစ်နေပေမယ့် ယောက်ျားတစ်ယောက်ကိုမြင်တိုင်း စိတ်မထိန်းနိုင် ဖြစ်မနေချင်။သူငယ်ချင်းက သူငယ်ချင်းပဲ။

လင်းကျစ်ရန်သည် မနက်စောစောထခဲ့ရသောကြောင့် အနည်းငယ်ငိုက်မြည်းနေသည်။ သူကမူယန်ကိုမေးလိုက်၏။ " မင်း အတွင်းဘက်မှာအိပ်မှာလား..အပြင်ဘက်မှာအိပ်မှာလား "

မူယန်က ပြန်ဖြေ၏။ " မင်းအဆင်ပြေသလို အိပ်ပါ "

ဒါက ထုံးစံအတိုင်းကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပင်။ ဘယ်လိုလုပ်လုပ် မင်း အဆင်ပြေတယ်ဆိုမှတော့ ငါလည်းအားနာမနေတော့ဘူး..မဟုတ်ရင် နှစ်ယောက်လုံး နေရာမရဖြစ်နေလိမ့်မယ်။

ဒီလို အခြေအနေမှာ တစ်ယောက်ဘက်က ပြတ်သားပေးဖို့လိုသည်။

လင်းကျစ်ရန်သည် အိပ်ရာပေါ်သို့တက်လိုက်ပြီး စောင်ကိုဖြန့်ကာခြုံလိုက်၏။ ထို့နောက် တည်ငြိမ်စွာပြောလိုက်သည်။ " မင်းအပြင်ဘက်မှာ အိပ်လိုက် "

လင်းကျစ်ရန်က ဒီလောက်ပွင့်လင်းလိမ့်မယ်လို့ မူယန်မထင်ထားခဲ့ပေ။ သူဘာမှပြန်မပြောရသေးခင်မှာပင် ထိုကောင်လေးမှာ အိပ်ပျော်သွား​ခဲ့လေပြီ.. သူ၏နားရွက်ဖျားများက မသိမသာပူနွေးလာလေသည်။ ထို့နောက် စောင်ကိုအသာမကာ အိပ်ရာပေါ်သို့ လှဲလိုက်သည်။ သူ၏ လက်နှစ်ဖက်က ရင်ဘက်ပေါ်ရှိ ခြုံစောင်အစွန်းကို တင်းတင်းဆုပ်ကိုင်ထားလျက်။ အိမ်ထိန်း၏ စကားကို သူ များများစားစား မစဥ်းစားဘဲ ငြင်းပယ်ခဲ့သည်။ သို့သော် အခုလိုမျိုး တစ်အိပ်ရာတည်းအတူအိပ်ပြီးစောင်အတူခြုံထားရသည့်အချိန်တွင် သူထင်ထားသလို စိတ်တည်ငြိမ်အောင်လုပ်ဖို့ အင်မတန်ခက်လှလေသည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now