အပိုင်း(၁၅.၁)

6.6K 1K 62
                                    

Unicode.


ရုတ်တရတ် တိတ်ဆိတ်သွားသောအခြေအနေထက် ကြောက်ဖို့ကောင်းသောအရာ မရှိပေ ။ စက္ကန့်အနည်းငယ်ကြာပြီးမှ လင်းကျစ်ရန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့်အနေဖြင့် လက်ထောက်အား ယဥ်ကျေးစွာစကားဆိုလိုက်၏ ။

" ကိုယ်အထဲဝင်လာလို့ရလား? "

လက်ထောက်မှာလည်း ကြောင်အမ်းနေရာမှ သတိပြန်ဝင်လာကာ ထေ့ငေါ့ပြီးမေးလေသည် ။

" ဘာလို့ မစ္စတာလုက ရုတ်တရတ်ကြီးရောက်ချလာ တာလဲ? "

လင်းကျစ်ရန်မှာလည်း ကိုးရို့ကားရားနိုင်နေပါလျက်၊ အကယ်၍ သူသာအစောပိုင်းက စကားများကို မကြားခဲ့ပါလျှင် လက်ထောက်ကောင်လေး၏စကားများကို ဘယ်လိုမှယူဆမိမည်မဟုတ်ပါချေ...သို့သော် ယခုတွင်မူ အပေါ်ယံလှောင်ထေ့နေခြင်းဖြစ်ကြောင်း ကောင်းစွာနားလည်နေ၏ ။ ဝမ်းယွီက သူ၏ ပါးလျသောနှုတ်ခမ်းများကို လှုပ်ရှားကာ အက်ကွဲသောအသံဖြင့်ဆို၏ ။

" ရှောင်ကျိုး...အရင်သွားနှင့်လိုက်တော့ "

သူ၏အသံက သာမန်သာဖြစ်သော်လည်း လက်ထောက်ရှောင်ကျိုးအတွက်မူ အမိန့်ဆန်နေချေ၏ ။ သူကဒေါသမထွက်သော်လည်း နှာတော့မှုတ်လိုက်ပြီး အပြင်သို့ထွက်ကာ တံခါးပြန်ပိတ်ပေးလိုက်သည် ။ ဝမ်းယွီက ဆေးရုံကုတင်ပေါ်တွင်မှီလှဲနေလျက်၊ သွေးများဆုံးရှုံးမှုကြောင့် ဖြူဖျော့နေသည့် အသားအရေမှလွဲ၍ ကျန်တာ အဆင်ပြေပုံပင် ။

လင်းကျစ်ရန်က ခဏလောက်အထိ စကားမဆိုသေးဘဲ ဝမ်းယွီ၏ကုတင်နားသို့တိုးကပ်လာပြီးမှ အသံတိုးတိုးဖြင့် ပြောသည် ။

" မင်း ဒဏ်ရာ ဘယ်လိုနေသေးလဲ? "

ဝမ်းယွီ၏ မျက်ဝန်းများက ရေသေအတိုင်း ငြိမ်သက်နေ၏:

" ခင်ဗျား အခုလေးတင်ကြားခဲ့တယ်မို့လား..အဆင်ပြေပါတယ်..သိပ်စိတ်မပူနဲ့ "

လင်းကျစ်ရန်မှာ ဤမြင်ကွင်းကြောင့် ရင်ထဲတွင်သက်ပြင်းမချဘဲမနေနိုင် ။ တကယ်လို့မင်းသာ ဇာတ်ကြောင်းကို မဖီဆန်ရင် လုဆွေ့က အခုချိန်လောက်ဆို မင်းကို ဖူးဖူးမှုတ်ပြီးထားမှာ..မင်းရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်မှုကိုတောင်းခံဖို့ ဝန်လေးနေမှာမဟုတ်ဘူး..ဒီလို အခြေအနေမျိုးနဲ့ ဘယ်လိုလုပ်ပြီး ကြုံတွေနိုင်မှာလဲ?

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now