အပိုင်း(၄.၂)

7.1K 1.1K 34
                                    

Unicode.

လုဆွေ့ ရဲ့ မျက်ဝန်းများက ရှုပ်ထွေးနေပြီး နှလုံးသားထဲရှိအမှောင်ထုမှာ စတင် ကြီးထွားလာသည်။ သူ ပြုံးလိုက်ကာ။

" ဟိုတယ်အသစ်ဆောက်ဖို့အတွက် ကောရဲ့ အကြံကိုလာမေးတာပါ။ ကျွန်တော် ကန်ထရိုက်သမားတွေ အတွက် စျေးနှုန်းသတ်မှတ်တော့မလို့။ ဒါက ကျွန်တော် လုပ်ထားတဲ့နှုန်းထား တွေပါ။ ကော လိုအပ်ရင်ထပ်ထည့် ပေးပြီး၊ မဆီလျော်ရင် ပြင်လိုက် လို့ရပါတယ် "

လင်းကျစ်ရန် စာအုပ်တစ်အုပ်နီးပါးလောက် ထူတဲ့ စျေးနှုန်းစာရင်းဇယား ကြီးကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး လုဆွေ့ကို ယုံကြည်သော အကြည့်ဖြင့်။

" ဒီပရောဂျက်ကို ငါမင်းဆီတာဝန်ပေးထား မှတော့ မင်းဟာမင်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်၊ ငါ့ကိုလာမေး စရာမလိုဘူး၊ မင်းကောင်းကောင်း ကိုင်တွယ်နိုင်မယ့်လို့ ငါယုံတယ် "

ဟာသပဲ၊ ဒီလောက်ထူတဲ့ဖိုင်တွဲကြီးကို မကြည့်နိုင်ပါဘူး။

လုဆွေ့ နှုတ်ခမ်းတင်းတင်း စေ့ထားလိုက်သည်။ လင်းကျစ်ရန် အမှန်ကိုပြောနေတာလား၊ လိမ်နေတာလား ဆိုတာ သူသိချင်မိသည်။ ဒါက စုစုပေါင်း ၁၀၀မီလီယမ် ယွမ်လောက်မြှုပ်နှံထားတဲ့ ပရောဂျက်တစ်ခု။ ဒါပေမယ့် သူကတစ်ချက်လေးတောင်မကြည့်။ သံသယလည်းမဝင်၊ သူ့ကိုတကယ်ပဲ ယုံကြည်တာလား။

လုဆွေ့ ဖိုင်တွဲကိုပြန်ယူပြီး ခေါင်းလှည့်လိုက်သော် လင်းကျစ်ရန်ရဲ့ စားပွဲရှည်ပေါ်တွင် အပြာရောင်ဘူးလေးတင်ထားတာကို တွေ့လိုက်ရသည်။ သူ့မျက်ဝန်းများက လက်လာပြီး မျက်ခုံးပင့်လျက် အံ့သြကာ။

" ကော၊ ဒါက... "

လင်းကျစ်ရန် ဒါကို မြင်သာထင်သာသိပ်မဖြစ်ဘဲ သတိပြုမိရန်လုံလောက် သည့်နေရာတွင် တင်ထား ခြင်းဖြစ်သည်။ သူလုဆွေ့ အမေးကိုစောင့်နေတာ ။ သူ့မျက်လုံးများက တစ်ဖက်လူကို ရှောင်ဖယ်နေပြီး လုပ်ချောင်းဆိုး လိုက်သည်။

" ဘာမှမဟုတ်ပါဘူး "

အခုထိ propose လုပ်မဲ့ကိစ္စက အကောင်အထည်မပေါ်သေး တာကြောင့် တစ်ခြားသူများကို ပြောပြရမှာရှက်သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now