အပိုင်း(၄၄.၃-Final Episode)

3.4K 318 29
                                    

Unicode.

တစ်စုံတစ်ယောက်သည် စင်ကြယ်သောနန်းတော်ထဲသို့ကျူးကျော်ဝင်ရောက်၍ဂိုဏ်းရဲ့စည်းတံဆိပ်ကို အမှန်တကယ်ပင်ဖျက်ဆီးပစ်ခဲ့ချေသည်၊တပည့်ကလေးများသည်လည်း ကြောင်တက်တက်ဖြင့်အံ့ဩတုန်လှုပ်နေကြပြီးမှအကြီးအကဲများထံသို့  အလန့်တကြားသတင်းပို့ကြလေတော့သည်။

ဒီလူကဘယ်သူလဲ? အတင့်ရဲလိုက်တာ...သေချင်နေပြီထင်တယ်!

မူယန်သည်နက်စွေးနေသောဝတ်ရုံကိုဆင်မြန်းထားလျက်တိချန်ဓါးကိုဆုပ်ကိုင်ထားသည်၊ တချိန်ကရေခဲသလင်းကျောက်နှယ် ကြည်လင်၍ဖောက်ထွင်းမြင်နိုင်သောတိချန်ဓါးသွားသည် ယခုတွင်မူအနက်ရောင်ကျောက်စိမ်းအသွင်ကိုဆောင်နေလျက် သွေးများဖြင့်စွန်းထင်းနေသောကြောင့် ပြင်းထန်သောအာဃာတများဖြင့် ပြည့်နှက်နေလေသည်။

သူသည် ရှန့်ရွှမ်နန်းဆောင်ဆီသို့ဦးတည်လိုက်ပြီးပိုင်းခြားထားသောစည်းတံဆိပ်ကိုဓါးဖြင့်ထိုးဖောက်၍ဖျက်ဆီးလိုက်ကာ ရူးနှမ်း၍သွေးဆာနေသောပုံစံဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်

" တံခါးဖွင့်စမ်း! "

စေ့ပိတ်ထားသောကျောက်စိမ်းတံခါးကြီးသည်အမှန်တကယ်ပင် ပွင့်ဟလာခဲ့လေ​၏။မူယန်သည် မျက်စိရှေ့ရှိယောက်ျားပျိုကိုကြည့်ရင်း ရင်ထဲတွင်ခါးသီးမုန်းတီးမှုတို့နှင့်ပြည့်နှက်သွားသည်။သူသည်ဤလူကိုသတ်နိုင်ဖို့နေ့ရောညပါ တစ်စက္ကန့်တောင်မနားပဲလေ့ကျင့်ခဲ့သည်၊သူအားယဲ့ကိုပြန်ကယ်တင်ရမည်၊အားယဲ့ကိုသူပဲပိုင်ဆိုင်ရမည်။

ဒီနေ့ ခင်ဗျားမသေရင် ကျွန်တော်သေမယ်!

မူယန်သည်အချိန်မဆွဲတော့ဘဲ တိချန်ဓါးကိုဝင့်လျက်ရွှန်းရန်အား အရင်ဦးအောင်လွှဲခုတ်လိုက်လေသည်။ရွှမ်းရန်​၏အမူအရာက အေးစက်နေပြီးတည်ငြိမ်နေကာအနည်းငယ်စိတ်ညစ်ညူးနေပုံလည်းရ​၏။ သူသည်ဝိညာဉ်စွမ်းအားဖြင့်ဖန်တီးထားသောငွေဖြူရောင်ဓါးတစ်လက်ကိုကိုင်ထားပြီး မူယန်ရဲ့တိုက်ခိုက်မှုကို ဓါးဖြင့်ဟန့်တားလိုက်သည်၊ ဓါးနှစ်လက်ပွတ်တိုက်မိသံသည် စွမ်းအားပြင်းထန်လွန်းလှသောကြောင့်မြေပြင်ကိုတုန်လှုပ်စေလျက်စွမ်းအင်လှိုင်းများဝဲဖြာကာ လေပြင်းများကိုတိုက်ခတ်စေခဲ့သည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now