အပိုင်း(၃၆.၃)

2.7K 439 12
                                    

Unicode.

လင်းကျစ်ရန်သည်အနားယူ
န် မိမိ အခန်းသို့ပြန်လာစဉ် ဥယျာဉ်နားသို့ရောက်လာသော် သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။ ယဲ့လျှိုရင်က ပန်းပင်များကိုရေလောင်းနေလေသည်။

သူကလီယဲ့ကိုစောင့်နေပုံလည်းရ​၏။ လင်းရန်က မှိုင်းညှို့ပြီး အမူအရာမဲ့နေသောမျက်နှာဖြင့် သူ့ဆီသို့ တန်းတန်းလျှောက်သွားလိုက်သည်။" ကျွန်တော် ဟန်ရှန်းကိုသတ်ခဲ့တယ်။ "

ဟန်ရှန်းက ယဲ့လျှိုရင်ရဲ့ လက်ပါးစေတစ်ယောက်ပင်ဖြစ်ပြီး သူ ဟန်ရှန်းကို သတ်ပစ်လိုက်တာ ယဲ့လျှိုရင် မသိစရာအကြောင်းမရှိ။

ယဲ့လျှိုရင် မေးလာတာကိုစောင့်နေတာထက် သူကိုယ်တိုင်အရင်ဆုံးဝန်ခံလိုက်တာပိုကောင်းသည်။ဒါဆို ဟန်ရှန်းက သူ့ကို ဘယ်လိုအမှားလုပ်ခဲ့ကြောင်း အကြောင်းပြချက်ပေးလို့ရသည်။ဘာပဲဖြစ်ဖြစ် မိစ္ဆာတစ်ယောက်အနေနှင့် လူတစ်ယောက်ကိုသတ်တာကမထူးဆန်းသည်ပင်။သူ ဒီလိုလုပ်တာကို ယဲ့လျှိုရင်က ပိုပြီးတောင် သဘောကျချင်ကျနေဦးမည်။

ယဲ့လျှိုရင်က မျက်ခွံများကိုပင့်လျက် သူ့ကိုကြည့်လာခဲ့သည်။ သူ့အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ပြုံးလိုက်သည်။ "ဪ " ထို့နောက်ပန်းပင်များကိုသာရေဆက်လောင်းနေသည်။ လင်းကျစ်ရန် သက်ပြင်းခိုးချလိုက်သည်။ သူထင်တဲ့အတိုင်းပင်။ ယဲ့လျှိုရင်က ဒီကိစ္စကိုဂရုစိုက်ပုံမပေါ်။ ဒါပေမယ့် လီယဲ့အနေဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေလိမ့်မည်။ပြီးတော့ ဒီကောင်လေးက အရင်က ဒီလိုမျိုးကိစ္စတွေလည်း တစ်ခါမှမလုပ်ဖူး တဲ့အပြင် ယဲ့လျှိုရင်ရဲ့ အကြံအစည်တွေကိုလည်းမသိတာမို့ စိတ်ထဲမှာနေရခက်နေလိမ့်မည်ပေ။

လင်းကျစ်ရန်က ရှုပ်ထွေးသော အမူအရာဖြင့်။ ယဲ့လျှိုရင် နားမလည်မှာစိုးသော ပုံစံဖြင့် တောင်းတင်းစွာထပ်ဖြည့်ပြောလိုက်သည်။ " ဟန်မိသားစုရဲ့အကြီးဆုံးသားဟန်ရှန်း... ကျွန်တော်သူ့တစ်ယောက်တည်း သတ်ပစ်ခဲ့တာမဟုတ်ဘူး။ သူ့ရဲ့လူတွေရော!ကျွန်တော်ဘာလို့ အဲ့လို လုပ်ခဲ့လဲမမေးတော့ဘူးလား။ "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now