အပိုင်း (၃၇.၂)

2.7K 438 27
                                    

Unicode.

ထိုလူအုပ်ကို ဦးဆောင်သူက တက်ကြွမှုအပြည့်နှင့်ပင်။ သူက သူမကို လင်းကျစ်ရန်အနောက်က ဆွဲထုတ်လိုက်ချင်ပေမယ့် လင်းကျစ်ရန်မှာ ထူးခြားတဲ့အငွေ့အသက်ရှိတာကို တွေ့လိုက်ရပြီး နောက်ဆက်တွဲပြဿနာတွေတွေ ဖြစ်လာမှာကို တော့ ကြောက်လေသည်။ သူက တုံ့ဆိုင်းသွားပြီး ပြောသည်

"ဒီမိန်းမကို သူ့အဖေကိုယ်တိုင် ငါတို့ဆီ ရောင်းထားပြီသား...သခင်လေး သူမကို ငါတို့ဆီ ပြန်ပေးဖို့တောင်းဆိုပါတယ်"

အမျိုးသမီးသည် လင်းကျစ်ရန် ၏အဝတ်အစားများကို ကိုင်ဆွဲကာ ခေါင်းကိုခါယမ်းလျက် သူမ​၏မျက်နှာပေါ်တွင်လည်းမျက်ရည်များက ချောင်းပေါက်မတတ်စီးကျလာကာ

"ကျေးဇူးပြုပြီး ကျွန်မကိုသူတို့လက်ထဲမထည့်လိုက်ပါနဲ့.."

လမ်းမပေါ်တွင် ထိုသို့သော ဖရိုဖရဲမှုကြောင့် ကြည့်ရှုသူများလည်း စုရုံးလာကြပြီး သူတို့၏ တီးတိုးသံများက လင်းကျစ်ရန် နားထဲသို့ ရောက်လာခဲ့သည်

"ဒီမိန်းကလေးက ကံတော်တော်ဆိုးတာပဲ... သူက ငါရဲ့ ဘေးအိမ်မှာနေတာ...ဒါပေမယ့် ဒီလူတွေ လက်ထဲ ဘယ်လိုလုပ်ရောက်သွားတာ လဲ"

" လောင်းကစားရုံတွေမှာ ဒီလိုကစားနည်းတွေရေပန်းစားတာမသိဘူးလား... ရိုးသားတဲ့သူတွေကို မရှူံးခင် အစပိုင်းမှာစိတ်ကျေနပ်အောင်ငွေနည်းနည်းလောက်ပေးနိုင်ပြီးဆွဲဆောင်တာ...လူတော်တော်များများက အကြွေးတွေဆပ်ဖို့ သူတို့ရဲ့ကလေးတွေကိုတောင် ရောင်းစားကြတယ် "

" အိုး! အခုလည်း အဲ့ဒီလိုပဲ မို့လား "

" မင်း သူတို့လက်ထဲ ရောက်သွားရင်တော့ကွာမသေသေးဘူးဆိုရင်တောင် အရေခွံဆုတ်ခံရဖို့ အသာလေးပဲ...တော်တော်ယုတ်မာရက်စက်တဲ့လူတွေ... လူကုန်ကူးရုံတင်မကဘူး ရက်ရက်စက်စက် အကြမ်းဖက်တတ်ကြတယ်...သူ့တို့လက်ထဲမှာ သတ်ဖြတ်ခံခဲ့ရတဲ့ မိန်းကလေးတွေ ဘယ်လောက်ရှိပြီလဲ စဉ်းစားကြည့်စရာတောင်မလိုဘူး "

"ဒါပေမယ့် ဘာထူးလို့လဲ...ဘယ်သူမှ ဝင်စွက်ဖက်ရဲမှာ မဟုတ်ဘူး...သူတို့ကို ဟန်မိသားစုက နောက်ကွယ်ကထောက်ပံ့ပေးထားတယ်လို့ပြောတယ် "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now