အပိုင်း(၄၂.၂)

1.7K 282 5
                                    

Unicode.

လင်းကျစ်ရန် အိပ်ရာပေါ်တွင်လှဲလျောင်းနေ​ခဲ့၏။ ခဏအကြာတွင်သူလှုပ်ရှားလာနိုင်ပြီး အဝတ်များကို သက်ရပ်အောင်ပြင်ဆင်နေရင်းမျက်မှောက်ကြုတ်လိုက်သည်။ မူယန်ရဲ့ စွဲလမ်းစိတ်က အဆိုးဆုံးအခြေအနေအထိ ရောက်သွားခဲ့တာသိသာသည်။ မူယန်က ရွှမ်းရန်ရဲ့ဝိညာဉ်အစိတ်အပိုင်းတစ်ခုကနေ ခွဲထွက်လာခဲ့တာမို့ သူတို့နှစ်ယောက်မှာအရင်းအမြစ်ချင်းတူသည်။ မူယန်ကကောင်းကင်မက္ဍိုင်ကို အတွင်းဘက်မှ ဖျက်ဆီးဖို့ပို၍လွယ်ကူသည်။ဒါကြောင့်ယဲ့လျှိုရင်အတွက်မူယန်က လီယဲ့ထက် ပိုပြီးအသုံးဝင်တဲ့နယ်ရုပ်တစ်ရုပ်ဖြစ်သည်။

မူလဇာတ်ကြောင်းတွင်မူ,ရွှမ်းရန်က မူယန်ကို အပြည့်အဝကာကွယ်ပေးထားခဲ့တာကြောင့် မူယန်သည်ဤသို့သောထိုးနှက်ချက်မျိုး မကြုံခဲ့ရပေ။သို့ပေမယ့် ရွှမ်းရန်ရဲ့ အတွင်းစိတ်ရှိမကောင်းဆိုးဝါးမှာ ယဲ့လျှိုရင်လက်ထဲကို ဓါးထည့်ပေးလိုက်သလိုပင်။မူယန်ဟာ တွန်းအားပေးခံရတော့သည်။ အတွင်းစိတ်ရှိမကောင်းဆိုးဝါးက ဒီလိုဖြစ်ဖို့တမင်ရည်ရွယ်ခဲ့တာမဟုတ်ပေမယ့် သူရဲ့တဇွတ်ထိုးဆန်မှုများကြောင့်အခုလို အကျိုးဆက်ဖြစ်လာခဲ့ခြင်းပေ။

အခုရွှမ်းရန်ဘက်က အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တကယ်လို့ ယဲ့လျှိုရင်ရဲ့ အကြံအစည်သာအောင်မြင်သွားပါလျှင် ချီရန်မသေမျိုးလောကတစ်ခုလုံးပျက်စီးခြင်းငါးပါးဆိုက်မှာအသေအချာဖြစ်သည်။လင်းကျစ်ရန်က သာမန်ကစားသမားတစ်ယောက်ပင်၊သူက ဒီကမ္ဘာနှင့်မသက်ဆိုင်တာမို့ အလေးအနက်တွေးစရာမလိုပေမယ့် လီယဲ့ကတော့မတူ။ဘယ်လိုပဲ အကြံကုန်ဉာဏ်ကုန်တဲ့အထိအခက်ခဲတွေရင်ဆိုင်နေရပါစေ သူ့ရင်ထဲတွင်မျှော်လင့်ချက်တစ်ခုကအမြဲရှိနေသည်။သူချစ်ရတဲ့လူဒီကမ္ဘာမှာရှိနေသရွေ့သူကာကွယ်ဖို့လက်လျော့မှာမဟုတ်သလို မျက်ကွယ်ပြုနိုင်မှာလည်းမဟုတ်ပေ။

တကယ်လို့ သူ မူယန်ကိုသာဂရုမစိုက်ဘဲနေပါလျှင်ယဲ့လျှိုရင်က မူယန်ကိုအသုံးချလို့ရတဲ့အထိအသုံးချပြီးသတ်ပစ်မှာပင်။သူဒီလိုအဖြစ်မျိုး အဖြစ်ခံလို့မရပေ။NPCဆိုရင်တောင် သူ အချိန်အတော်ကြာအောင်နတ်မိမယ်လေးရဲ့ပေါင်လုံးတုတ်ကြီးကိုဖက်ပြီးသူပေးကျွေးတာကိုစားရင်းသက်တောင့်သက်သာနေခဲ့ရဖူးသည်။လင်းကျစ်ရန် အကြံအိုက်စွာဖြင့် သက်ပြင်းသာချလိုက်သည်။ရွှမ်းရန်ကသူ့အတွင်းစိတ်ရှိမကောင်းဆိုးဝါးကိုထိန်းချုပ်နိုင်ပြီလားလည်းမသိသေး။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now