Unicode.
လင်းကျစ်ရန်သည် အပြင်ဘက်တွင်ရေနွေးတည်နေရင်း အတွေးများကလွင့်ပျံနေသည် ။ မူရာကျူး မူယန့်ကိုဘာပြောမလို့လဲ ။
ခဏအကြာတွင် မူယန်ပြန်ထွက်လာသည် ။ သူက တည်ငြိမ်သောအမူအရာဖြင့် လင်းကျစ်ရန်ကိုပြုံးပြလိုက်ကာ ။
" ငါကူညီပေးဖို့လိုသေးလား "
လင်းကျစ်ရန်က စကားမဆိုဘဲ သူ့ကိုကြည့်လိုက်၏ ။ မူယန်က သူ၏ပုခုံးကိုသိုင်းဖက်လိုက်ပြီး လေးနက်စွာပြောလာသည် ။
" ဒေါ်လေးမူက မင်းမြို့ထဲမှာအနိုင်ကျင့်ခံရမှာစိုးလို့..ကျင့်ကြံရာမှာကူညီပေးနိုင်မယ့် နည်းလမ်းရှိမရှိမေးတာပါ "
လင်းကျစ်ရန်က သူ့စကားကိုမယုံ ။
မူယန်သည် ဒီစကားကိုပြောပြီး ခဏရပ်လိုက်သည် ။ သူ၏မျက်ဝန်းများက ဝင်းလဲ့သွားပြီး နည်းလမ်းတစ်ခုခုရှာတွေ့သလိုမျိုးဖြင့် ။
" ခဏစောင့် "
ထို့နောက် အမြန်လှည့်ထွက်သွားလေသည် ။
လင်းကျစ်ရန်:...
ငါဘာလို့ နိမိတ်မကောင်းတဲ့ ခံစားချက်တွေရနေတာလဲ ။
လင်းကျစ်ရန်သည် မူရာကျူး၏အခန်းထဲသို့ဝင်လာသော် ခဏမျှ တွေဝေနေသော်လည်း သိချင်လွန်းသဖြင့် မေးကြည့်လိုက်သည် ။
" အမေ..မူယန့်ကို ဘာတွေပြောလိုက်တာလဲ "
မူရာကျူးက ပေါ့ပါးစွာပြုံးလိုက်သည် ။
" ဘာမှမဟုတ်ပါဘူး..သားကို ဂရုစိုက်ပေးဖို့ တောင်းဆိုလိုက်တာပါ "
လင်းကျစ်ရန်: ". ... "
လင်းကျစ်ရန်သည် မူရာကျူးအခန်းမှ ပြန်ထွက်လာခဲ့ပြီးသူ့အခန်းသို့အမြန်ပြန်လာခဲ့သည် ။ ဒီလောက်မရိုးရှင်းမှန်း သူခံစားနေရသော်လည်း မူယန်၏အမူအရာကတည်ငြိမ်နေပြီး သူ့ကိုကူညီပေးချင်နေသည် ။ ဘာမှလည်းမထူးဆန်း ။ မူရာကျူးက တကယ်ပဲအကူအညီတောင်းခဲ့တာလား ။
နေဝင်ရီတရောအချိန်တွင် မူယန်ပြန်ရောက်လာသည် ။ သူက တံခါးခေါက်ပြီး ။
" အားယဲ့..တံခါးလာဖွင့်ပေးဦး "
လင်းကျစ်ရန်သည် တံခါးကို မြန်မြန်သွားဖွင့်ပေးလိုက်၏ ။
ESTÁS LEYENDO
ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)
FantasíaJust a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူးယဥ်ဝတ္တုတိုင်းတွင်shouဇာတ်ကောင်အားနှစ်သက်သဘောကျသည့်အရန်ဇာတ်ပို့Gongဆိုတာပါစမြဲ။Shouလေးကိုဇာတ်လိုက်Go...