အပိုင်း(၃၄.၃)

2K 271 1
                                    



Unicode.

မူယွမ်းယွီသည် အိမ်ပြန်ရောက်လာခဲ့သည်။ သူဟာပင်မ အိမ်တော်ထဲသို့ ဝင်ဝင်ချင်းမှာပင် အိမ်ထဲမှကျိုးပဲ့သံတချို့ကိုကြားလိုက်ရသော် ခဏရပ်လိုက်ပြီး ဘေးရှိအစေခံကို စိတ်ရှုတ်စွာမေးလိုက်သည်။ " သခင်မ ထပ်ပြီး ဒေါသထွက်နေပြန်ပြီလား "

အစေခံက တိုးတိုး ပြန်ဖြေသည်။ " ဟုတ်ပါတယ်။ သခင်မက ဒီမနက်အော်ဟစ်သောင်းကျန်းနေပြီး မူရာကျူးကိုသတ်ဖို့ ထပ်ပြီး ကြိုးစားပေမယ့်သခင်ကြီးစီစဉ်ထားတဲ့ အစောင့်တွေကြောင့်မအောင်မြင်ပါဘူး။ သူမ အခုလောလောဆယ် အရမ်းဒေါသထွက်နေပါတယ်။ "

မူယွမ်းယွီဟာ စိတ်ပင်ပန်းစွာဖြင့် နှဖူးကိုနှိပ်နယ်လိုက်သည်။

လွန်ခဲ့သောသုံးလခန့်က, မူရန်ဟာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့သည်။ မူရန်နှင့်အတူ မှော်လက်နက်တစ်ခုလည်း ပျောက်ဆုံးသွားခဲ့သည်။ အဲ့တုန်းကတော့သူဟာ ဒီကောင်လေး မှော်လက်နက်ကိုခိုးရောင်းပြီး သုံးဖြုန်းပျော်ပါးနေလိမ့်မယ်လို့ ထင်ခဲ့သည်။

သို့သော် မူရန်ဟာလုံးဝပြန်မလာခဲ့ပေ။ လူတိုင်းကလည်း မူရန်တွင် ပြဿနာတစ်ခုခုရှိနေလောက်ပြီမှန်း စတင်သတိပြုမိလာကြသည်။

မူယွမ်းယွီဟာ မူရန်ရဲ့ အစေခံများကို ရိုက်နှက်မေးမြန်းခါမှ မူရန်ဟာ လီယဲ့ ကိုပညာပေးဖို့နောက်ကနေတိတ်တဆိတ်လိုက်သွားကြောင်းနှင့် ထင်သလိုဖြစ်မလာဘဲ လီယဲ့ဆီမှ အရှက်ခွဲတာကိုခံလိုက်ရသောကြောင့်မှော်လက်နက်ကိုခိုးပြီး လီယဲ့ကိုလက်စားချေဖို့ထပ်သွားကြောင်း အသီးသီး ထွက်ဆိုလာကြသည်။

ထို့နောက်သူဟာ လုံးဝပြန်မလာခဲ့တော့ပေ။

မူယွမ်းယွီဟာ ချင်ချင်းပင် လူလွှတ်ပြီးရှာဖွေခိုင်းသော်လည်း အစအနတစ်ခုမှမတွေ့။ မူရန်ရဲ့အခြေအနေက ထင်သလောက်မရိုးရှင်းမှန်းအားလုံးသိကြသည်။ အစောကြီးကတည်းက မူရန် သေဆုံးသွားခဲ့ပြီးတာသာဖြစ်နိုင်သည်။

သူ့သားက လီယဲ့လို မျိုးမစစ်လက်ထဲမှာသေသွားကြောင်း သူ့ဇနီးသိသော် ရင်ဘက်စည်တီးကာ ငိုကြွေးတော့သည်။ သူမဟာ အပြစ်တွေကို မူရာကျူးအပေါ်ပုံချပြီး လက်စားပြန်ချေချင်သော်လည်း သူကမူ ထိုသို့လုပ်ခွင့်မပြု။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now