အပိုင်း(၁၃.၁)

6.6K 1K 35
                                    

Unicode.

လင်းကျစ်ရန်မှာ ပါးစပ်ကိုဖိကိုက်လိုက်ပြီး ထိတ်လန့်မှုကြောင့် အောက်သို့လွတ်ကျသွားသောဖုန်းအား ကတုန်ကယင်ပြန်ကောက်လိုက်ကာ၊ အရှေ့အနောက်၊ ဘယ်ပြန်ညာပြန် ကြည့်လိုက်လေသည် ။ ဝမ်းယွီမှာ အမှန်တကယ်ပင် သူ၏ အချစ်ရေးကို ဝန်ခံခဲ့ပါ၏ ။ သူ ဝမ်းယွီအစား ရင်ပူမိသည် ။ မင်းဘာတွေလုပ်နေတာလဲ? အခုအချိန်က ဒီလိုမျိုး ဒဲ့တိုးကြီး ဝန်ခံလိုက်ဖို့ မသင့်တော်ဘူး ။ ပြဿနာက တည်ငြိမ်ခါစပဲ ရှိသေးတာ ၊ အခုတော့ အရမ်းကို ရှုပ်ထွေးသွားပြီ မဟုတ်လား?

လင်းကျစ်ရန်၏ ရင်ထဲတွင် ရှက်ရွံ့နေမှုက အတိုင်းသား ။

" ဒီplotကို မကယ်တင်နိုင်တော့မှာ ကိုစိုးမိတယ် "

[System: လက်လျှော့တော့ မှာလား? ]

ငါလက်မလျှော့ချင်ဘူး၊ ဒါပေမယ့် ဘယ်လိုလုပ်သင့်လဲ? လင်းကျစ်ရန်မှာ အလွန်မူးဝေလာသလိုပင်ခံစားလာရသည် ။ အကယ်၍ သူသာ ဝမ်းယွီနှင့် ဆက်ချစ်နေသေးပါလျှင် လုဆွေ့၏ ခံစားချက်များက ပြင်းထန်လာနိုင်မည်လား?

' အခုတော့ ဒီgameကို စပြီးlog in ဝင်လာတုန်းက ငါ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းနေတာကို သတိရမိတယ်၊ တကယ်တော့ ငါက အရမ်းဝါနုသေးတာပဲ ။ ဒီgameခုလုံးက ဆူးညှောင့်ခလုတ် တွေနဲ့ ပြည့်နေတာ ။ '

လင်းကျစ်ရန်၏ အမူအရာက တွေဝေနေလျက်၊ systemကို နှေးကွေးစွာ ပြောလိုက်သည်: system. ..အချစ်မှာ အကြီးမားဆုံး အတားအဆီးက ဘာလဲဆိုတာ မင်းသိလား?

[System: ဘာတဲ့လဲ? ]

လင်းကျစ်ရန်ကဆို၏: " ရုပ်ရည်၊ငွေကြေး၊ အသက်၊ sex. ...အဲ့တာတွေ တစ်ခုမှမဟုတ်ဘူး၊ အဓိက ကတော့ တစ်ယောက်နဲ့တစ်ယောက်က အမြင်ချင်းမတူညီလို့ မပေါင်းစပ်နိုင်တာပဲ! ဝမ်းယွီနဲ့ လုဆွေ့လိုပေါ့ "

လင်းကျစ်ရန်မှာ ခေါင်းထဲတွင် ရှုပ်ထွေးမှုများက ပြည့်နှက်နေလျက်၊ ဝမ်းယွီမှာ ယခုလိုမျိုး ကိစ္စရပ်အား လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ရာ သူ ဝမ်းယွီကို ဖုန်းဆက်ပြီးမေးသင့်လား? ဒါပေမယ့် လုကျန်းလိုဇာတ်ကောင်က တစ်နေကုန်တစ်နေခမ်း လိုင်းသုံးပြီး အချိန်ဖြုန်း နေတတ်သည့် ဆယ်ကျော်သက် ကောင်မလေးလည်းမဟုတ်၊ ဒီအကြောင်းအရာကို ချက်ချင်းကြီး သိနေလျှင် ထူးဆန်းနေပေလိမ့်မည် ။ ပိုဆိုးသည်က လုကျန်းတွင် လိုင်းသုံးဖို့ accပင်ရှိမနေ ။ ဟုတ်တယ်.....ငါအရင်ဆုံး ဘာမှ မသိထားသလို ဟန်ဆောင်နေရမယ် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now