အပိုင်း(၁၂.၁)

6.3K 941 30
                                    

Unicode.

လင်းကျစ်ရန်မှာ စိတ်နှင့်လူနှင့် မကပ်ဘဲကုမ္ပဏီမှပြန်လာခဲ့ပြီး အိမ်တွင်သာ ရက်အတော်ကြာအောင် အခြေချနေလိုက်သည် ။ လုဆွေ့ကတော့ ထိုနေ့ကတည်းက အိမ်သို့ပြန်မလာခဲ့ပေ ။ သူက ရက်အနည်းငယ်လောက် လေ့လာပြီးမှ လုဆွေ့မှာ အိမ်ပြန်လာဖို့ အစီစဥ်မရှိကြောင်း အတည်ပြုလိုက်နိုင်သည် ။ ထို့နောက် ခဏလောက်အနားယူပြီးသော် အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ပေတော့သည် ။

ရလဒ်အနေဖြင့် သူခရီးမထွက်ခင် ဝမ်းယွီနှင့် တွေ့ဆုံလိုက်ရခြင်း ။

ဝမ်းယွီက လင်းကျစ်ရန်ဆီသို့ အလျင်အမြန်​လျှောက်လာကာ သူ၏ မျက်တွင်းချောင်ပြီး ပင်ပန်းနေသော မျက်နှာနှင့်ရင်ဆိုင်လိုက်ရပါသော် စိတ်ပူပန်စွာဖြင့် မေးလာပါ၏ ။

" ဘာတွေ ဖြစ်နေတာလဲ? အရင်ရက်တွေက ဘာလို့ ကျွန်တော့်ဖုန်းကို မကိုင်တာလဲ? "

လင်းကျစ်ရန်က ညည်းသံဖြင့် သက်ပြင်းချသည်, သူ၏မျက်ဝန်းများက ဖျော့တော့ နေသော်ငြား ဝမ်းယွီကိုတော့ ပြုံးပြလျက်သား ။

" မင်း ရောက်လာတာလား "

ဝမ်းယွီက တစ်ခုခု မှားယွင်းနေကြောင်း ပြင်းပြစွာ ခံစားမိနေသောကြောင့် မျက်မှောင်ကြုပ် ပြီးမေးလာပါ၏ ။

"ခင်ဗျား ဘာတွေ ဖြစ်နေတာလဲ?"

လင်းကျစ်ရန်က အချိန်အတော်ကြာကြီး တိတ်ဆိတ်နေကာ, နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထားလျက် စကားတစ်ခွန်းမှမဆို ။ ဝမ်းယွီက လုဆွေ့၏ အရိပ်အယောင် ရှိမနေသော အိမ်ကြီးကိုကြည့်ပြီး တွေးတောနေသည့် အမူအရာဖြင့် တစ်ခုခုကို မှန်းဆကာ မေးလာပါ၏ ။

"လုဆွေ့ ကြောင့်လား?"

လင်းကျစ်ရန်မှာ ဤအကြောင်းအရာကို ပြောချင်ပုံမရပေ ။ အဆုံးတွင်တော့, စိတ်လျော့လိုက်သော အပြုံးတစ်ပွင့်ကိုသာ ဖန်တီးယူလိုက်ပြီး ။

"ဘာမှမဟုတ်ပါဘူးကွာ..ဒီတိုင်း"

သူက စကားခဏရပ်ပြီး:

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now