အပိုင်း(၂၆.၁)

4.1K 754 39
                                    

Unicode.

လင်းကျစ်ရန်က လုံးဝမလှုပ်ရှားဝံ့ဘဲ မျက်မ​မြ​င်၏လက်ကိုသာ တည်ငြိမ်စွာစိုက်ကြည့်နေလိုက်သည်။

သို့သော်စိတ်ထဲတွင်တော့ အော်ဟစ်နေလေသည်: အားးးအားးးအားးး! ငါတော့မင်းကြောင့်လန့်သေတော့မှာပဲကွ!

သူဟာ ကြောက်လန့်လွန်းအားကြီးပြီး ကြောင်အမ်းသွားခြင်းသာ။ အချိန်အတော်ကြာမှပြန်ပြီးစိတ်တည်ငြိမ်အောင်ထိန်းလိုက်နိုင်၏။ ထို့နောက် သွားများခိုက်ခိုက်တုန်နေသည့် ကြားမှသူ့ခြေချင်းဝတ်ကို ငုံ့ကြည့်လိုက်လေ၏။ ငါ့မှာတော့မင်းကို အချိန်အကြာကြီး ကျွေးမွေးထားလိုက်ရတာ..မင်းကဒီလိုကျေးဇူးပြန်ဆပ်တယ်ပေါ့။

ဒါနဲ့...သူ့ကိုဘာလို့ လှမ်းဆွဲထားတာလဲ။

လင်းကျစ်ရန်မှာ သိချင်စိတ်တဖွားဖွားပေါ်လာတော့သည်။ ဒီ မျက်မမြင်က သူ့စကားတွေကိုကြားနိုင်တာလား။

တကယ်လို့ သူက ပြောသမျှအကုန်လုံးကြားနိုင်ပြီး သူ့ရှေ့မှာ စွံ့အနားမကြားလို ဟန်ဆောင်နေတယ်ဆိုရင်...

အရမ်းကိုလွန်လွန်းသွားပြီ!

လင်းကျစ်ရန်သည် စိုက်ကြည့်နေရင်း ဒေါသတကြီးပြောလိုက်သည်။

" မင်း ငါပြောတာကြားရလား "

သို့သော် မျက်မမြင်က ဘာမှမတုန့်ပြန်ပေ။

လင်းကျစ်ရန်ဟာ ရှိသမျှအားအကုန်သုံးပြီး ရုန်းထွက်လိုက်ချင်ပါသော်လည်း ထိုသို့မလုပ်နိုင်။မျက်မမြင်၏လက်က အရိုးပေါ်အရေတင်ဆိုပေမယ့် အရိုးထဲကအားကအလွန်သန်မာလှသည်ပင်။ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသဖြင့် သူ့ခြေချင်းဝတ်လည်း ထုံကျင်လာတော့သည်။

လင်းကျစ်ရန်သည် ခါးကိုင်းပြီး မျက်မမြင်၏ မျက်နှာသို့လက်သီးဖြင့်ရွယ်လိုက်သည်။ သူက အချိန်အတော်ကြာအောင်ရွယ်လိုက် လက်ပြန်ချလိုက်လုပ်နေသော်လည်း မျက်မမြင်ကတော့မလှုပ်မယှက်ပင်။သူ့ခြေထောက်ကို မြဲမြံစွာဆုပ်ကိုင်ထားသည်ကလွဲလျှင် လုံးဝလူ​သေကောင်လိုမျိုးပင်။

လင်းကျစ်ရန်: …

သူပြန်ပြီး စိတ်ရှုပ်ထွေးသွားရပြန်၏။ ဒီလူက သူပြောတာကို တကယ်ပဲကြားရတာလား ဒါမှမဟုတ် အလောင်းကောင်တစ်ခုရဲ့ လျှပ်တစ်ပြတ်လှုပ်ရှားမှုလား။ ဒါလည်းမဖြစ်နိုင်ဘူး။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now