အပိုင်း(၄၅)

956 137 9
                                    

Unicode.

တင်! ပွဲစဉ်ရမှတ်များကို အကဲဖြတ်နေပါတယ်_

ရရှိသောအဆင့်_ (B)

လင်းကျစ်ရန်သည်ရလဒ်နှင့်ပတ်သတ်၍သိပ်ပြီးမအံ့ဩမိပေ၊ ဤကျင့်ကြံရေးလောကသည်အမှန်ပင်ခက်ခဲပြီး ရွှမ်းရန်နှင့်မူယန်သည်လည်းဘယ်လိုဖြစ်ပြီးကျန်ရစ်ခဲ့လဲမသိ၊ သွေဖည်သွားသောဇာတ်ကြောင်းကိုတွေးရင်း ဝမ်းနည်းလာမိသည်၊ တကယ်လို့မတော်တဆဖြစ်ရပ်သာမရှိခဲ့လျှင် သူအမှတ်ကောင်းကောင်းရနိုင်လောက်သည်။

Systemကမေးလိုက်သည်: ကစားသမား နောက်ထပ်ဂိမ်းပွဲတစ်ခုကို စချင်ပါသလား?

လင်းကျစ်ရန်က ချက်ချင်းပြန်ဖြေလိုက်သည်: စမယ်! ဘာလို့မစနိုင်ရမှာလဲ?

ဤသည်ကလောင်းကစားရှုံးသွားသောလူတစ်ဦးသည်ပိုက်ဆံချေးပြီးထပ်ကစားရာမှထပ်မံ၍ရှုံးနိမ့်သွားရသောခံစားချက်နှင့်အလားသဏ္ဌာန်တူသည်။ လင်းကျစ်ရန်သည်ဂိမ်းကိုပင်အာရုံရောက်နေသောကြောင့်အပြင်သို့ထွက်မစားတော့ဘဲ မိမိအခန်း၌သာခေါက်ဆွဲတစ်ပန်းကန်ပြုတ်လိုက်သည်၊ သူစားနေရင်းတစ်ဝက်ကျိုးသော်အခန်းဖော်ကျောင်းယွီကပြန်ရောက်လာခဲ့ပြီးနောက်စကားလှမ်းပြောခဲ့သည်

" မင်းနောက်ဆုံးတော့ ဂိမ်းထဲကထွက်လာပြီလား...အဆင့်ဘယ်လောက်ရလဲ "

လင်းကျစ်ရန်ကခဏမျှတိတ်ဆိတ်နေပြီးမှ

" B "

ကျောင်းယွီကအံ့ဩသွားသည်

" မင်းB တောင်ရနိုင်တယ်ပေါ့ "

လင်းကျစ်ရန်က အလိုမကျစွာဖြင့်

" ဘာလဲ မင်း ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုဘာထင်နေလို့လဲ "

ကျောင်းယွီကစဉ်းစားဟန်ဖြင့်

" မဟုတ်ပါဘူး...ငါ မင်း B ရလို့အံ့ဩသွားရုံပဲ...ဒါနဲ့ မင်း ခရက်ဒစ်တွေရဖို့ရောမှန်းထားသေးလား...ဒီဂိမ်းကတော်တော်ခက်တာ...credit ရဖို့မလွယ်ဘူး...ငါဆိုအစကတည်းက လက်လျော့ပြီး စာမေးပွဲအတွက်ပဲကောင်းကောင်းပြင်ဆင်တော့တယ်...အဲ့တာက ပိုလွယ်သေးတယ် "

လင်းကျစ်ရန်သည် သူ A နှင့်သိပ်မဝေးတော့ဘူးလိုခံစားရပြီး မျက်ခုံးပင့်ကာ

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now