အပိုင်း(၁၂.၂)

6.9K 1K 56
                                    

Unicode.

ဟိုတယ်ခန်းကြီးထဲတွင်မူ တိတ်ဆိတ်ငြိမ်သက်နေပါ၏ ။ လင်းကျစ်ရန်မှာကား မျက်စိရှေ့ရှိ အိပ်ရာကြီးကိုမြင်ပါသော် ရုတ်တရတ်ပင် သူစိတ်ပူနေသော အရာကို သတိရသွား၏ ။ ဒီခရီးတိုထွက်ပြီးနောက် မီးသင်္ဂြိုလ်စက် ထဲတွင် အိပ်စက်ရမည့်ကိန်း စိုက်မည်ကိုပင် ။

[လင်းကျစ်ရန်: နေမကောင်းချင်ယောင် ဆောင်လိုက်ရင်ရော? အချိန်ရသေးလား? ]

[System: ဘာလို့ အပြင်ထွက်ပြီး လမ်းမလျှောက်ခင်က ဒီအကြောင်း မစဥ်းစားခဲ့တာလဲ? ]

[လင်းကျစ်ရန်:...]

အကယ်၍ သူက အမျိုးသမီးတစ်ယောက်ဖြစ်နေပါလျှင် ရာသီလာခြင်းကို ဆင်ခြေလုပ်သုံးလိုက်မည်ပင်...သို့သော် သူက ယောက်ျားတစ်ယောက်ဖြစ်လင့်ကစား ကျောက်ကပ်ချို့ယွင်းနေပါသည်ဟု ဆင်ခြေပေးလိုက်ရမလား? မဖြစ်ဘူး...။ အမြှောက်စာ Gongကလည်း Gong ပဲဖြစ်ရာ ဘယ်လိုလုပ်ပြီး ကျောက်ကပ်ချို့ယွင်းလို့ ရမှာလဲ!

ဝမ်းယွီက သူ့အား ခေါင်းလှည့်ကြည့်လာ၏ ။ ဖျော့တော့သော မီးရောင်အောက်တွင် သူ၏ ချောမောသော မျက်နှာက ပို၍ နက်ရှိုင်းနေပြီး အပြုံးဖြင့်ဆို၏ ။

" ခင်ဗျားအရင်..ရေချိုးမလား "

လင်းကျစ်ရန်မှာ စိတ်လှုပ်ရှားမှုကြောင် စကားပင် ထစ်တော့မလိုဖြစ်သွားရပြီး ရယ်မောကာ ။

" ရပါတယ်..မင်းအရင်သွားပါ "

" အင်း.. " ဝမ်းယွီက ယဥ်ကျေးမနေတော့ဘဲ ရေချိုးခန်းထဲသို့ လျှောက်ဝင်သွား၏ ။

အခန်းထဲတွင် လင်းကျစ်ရန်တစ်ယောက် ခေါင်းကုတ်ရင်းဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်က ဒယ်အိုးပူပေါ်တွင် လျှောက်ပြေးနေသည့် ပုရွက်ဆိတ် တစ်ကောင်အတိုင်းပင် ။

အာ..ဒါမှမဟုတ် သူ လျှိုရှားဟွေ့ လိုဟန်ဆောင်လိုက်လို့ရတာပဲ! အတွဲတိုင်းအတူ အိပ်ရမယ်လို့ ဘယ်သူပြောလဲ? ရိုးသားတဲ့ အချစ်ကသာ ပို​ပြီး တန်ဖိုးရှိတာ မဟုတ်လား? ဒီတိုင်း ရိုးရိုးသားသား အိပ်လိုက်ဖို့က မကောင်းဘူးလား? ဟုတ်တယ်...အဲ့လိုပဲလုပ်ကြတာပေါ့။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now