အပိုင်း(၁၃.၂)

6.8K 1K 75
                                    

Unicode.


လင်းကျစ်ရန်မှာ ငိုချင်နေပါသော်လည်း မျက်ရည်ကကျမလာ၊ သူက ရုတ်တရတ်ဆိုသလိုပင် ဒီgameထဲသို့ စတင်ဝင်ရောက်လာခဲ့စဥ်က ဝမ်းယွီ၏ ဖော်ရွေတတ်သော်လည်း ဘာကိုမျှ အလေးမထားတတ်သည့် စရိုက်အား သတိရသွားမိပါတော့သည် ။ ပြောစမ်း..မင်းဘယ်လိုလုပ်ပြီး ဒီလိုပြောင်းလဲသွားရတာလဲ? မင်းမှာ ဘာများမှားနေတာလဲ?

တစ်ခုခု မလုပ်ခင် မင်းအတွက်မင်းသာ စဥ်းစားစမ်းပါ၊ ပြီးတော့ ငါ့အတွက် relationshipကို အများသိအောင်ကြေညာပေးဖို့ တကယ်မလိုဘူး...

လင်းကျစ်ရန်သည် နောက်ဆုံးအနေဖြင့် ရုန်းကန်ပုံရသည့်စကားတစ်ခွန်းအား စိတ်မကောင်းစွာပြောလိုက်လေ၏ ။

" ကိုယ်မင်းဖြစ်ချင်တာကို နားလည်တယ်..ဒါပေမယ့် ဒီလိုမျိုး စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူးလေ "

ဝမ်းယွီက မသိမသာမျက်ခုံးပင့်ပြီး ပြုံးလာ၏ ။

" ခင်ဗျား..ကျွန်တော့်ရဲ့ အနုပညာ အလုပ်အတွက် စိတ်ပူနေတယ်ဆိုရင် အဲ့တာကအရေးမကြီးဘူး..ဘာလို့ဆို ကျွန်တော် အစကတည်းက နောက်၂နှစ်အတွင်း ရုပ်ရှင်ရိုက်တာကို ရပ်နားပြီး ရင်းနှီးမြှုပ်နှံမှုအပိုင်းကို တဖြည်းဖြည်းချင်း ပြောင်းတော့မလို့ စီစဥ်ထားပြီးသား "

ဤစကားများက လင်းကျစ်ရန်အား မသက်သာစေသည်မှာ အမှန်၊ သို့သော် ဝမ်းယွီ၏ တကယ့်အစီအစဥ်ဖြစ်နေသည်မှာလည်း အမှန်ပင် ။ သူက သူ၏ အစီအစဥ်ကို အကောင်အထည်ဖော်ရန် ကနဦး ခြေလှမ်းကိုတောင်မှ လှမ်းပြီးနေပြီ ။

သူက လတ်ဆတ်သည့် တက်သစ်စလေးမဟုတ်တော့ သောကြောင့် လူများ အာရုံစိုက်မှု နည်းနည်းလေးရဖို့ အတွက်နှင့် ကိုယ့်ကိုယ်ကို marketingဆင်းရန်မလိုတော့သည့် အပြင် တစ်ခြားလူများ၏ အကြိုက်ကို ဂရုစိုက်နေဖို့ရန် လည်းမလိုတော့သည်ပေ ။ ယခုတွင်မူ ရုပ်ရှင်ဇာတ်ကားများ လက်ခံရန်ပင် အလွန်သတိထားလို့နေပေသည် ။ ၄င်းက သူကြိုက်သည်ဖြစ်စေ ၊ အလွန်ကောင်းသည့် ဇာတ်လမ်းတစ်ခု ဖြစ်နေပါစေ ။ ရုပ်ရှင်ရိုက်ခြင်းက ပို၍ အပျော်သဘောသက်ရောက်နေသည့်အချိန်တွင်မူ သူ၏ဦးတည်ချက်က ဇာတ်ကားများတွင် ရင်းနှီးမြှုပ်နှံဖို့ ။ ပြီးတော့ သူ၏ လိင်စိတ်တိမ်းညွှတ်မှုက ပေါ်ထွက်လာခဲ့ပြီး မလိုတမာလူများ၏ တိုက်ခိုက်ခြင်းအချို့ကို ခံရပေမယ့် သူအားထိခိုက်သည်တော့မဟုတ် ။ ၄င်းက သူ၏ အရင်းအမြစ်နဲ့ အဆက်အသွယ်များကို ဘာမှ ထိခိုက်လာနိုင်မည်မဟုတ်ပေ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now