အပိုင်း(၄၁.၂)

1.8K 280 3
                                    


Unicode.

အရှက်မရှိလိုက်တဲ့ လူယုတ်မာနှစ်ယောက်!

အဓိက,က ကျိုးယွဲ့ပါ ဝင်ပြီး ပြောလာခဲ့တာမို့ မူယန်ဟာ ထိုနှစ်ယောက်ရဲ့စကားများကို ယုံကြည်သွားခဲ့တာပင်။ လင်းကျစ်ရန် စိုးရိမ်လာသည်။

မူယန်က ခဏ အကြာမှပြောလာသည်

"အားယဲ့ ....ယဲ့လူကြီးမင်းက မင်းကို တကယ် စိတ်ပူနေတာထင်တယ်...ငါတို့ အရင်ဆုံးဒီမှာနေလိုက်ကြရအောင် "

အားယဲ့က ခေါင်းမာတတ်တဲ့အကျင့်ရှိလို့ ယဲ့လူကြီးမင်းကို ခွင့်မလွှတ်သေးတာ ဖြစ်မှာပါ...ပြီးတော့ အခုသူတို့မှာလည်း ရွှမ်းရန်လက်ကလွတ်ဖို့ ပြေးစရာမြေမရှိ...ဒီက ထွက်သွားရင်ပိုပြီး အန္တရာယ်များနိုင်သည်...ပြီးတော့ သူ အားယဲ့က်ို ကာကွယ်ပေးနိုင်တဲ့ထိ မသန်မာသေး...

လင်းကျစ်ရန်မှာ တစ်ကိုယ်လုံးအေးခဲနေပြီး ခဲရာခဲဆစ်ရုန်းကန်နေရကာ နောက်ဆုံးမှ ဖျစ်ညှစ်ပြီးပြောလိုက်သည်

" ငါဒီမှာမနေချင်ဘူး "

ယဲ့လျှိုရင်က သူ့စကားကို ကြားတော့ စိတ်မကောင်းဖြစ်သွားပုံရသည်။ မူယန်က မနေနိုင်တော့ဘဲ သူ့ ဝတ်ရုံလက်ကို လာဆွဲကာ ဖြောင်းဖြသည်

" အားယဲ့...ဒီမှာခနလောက်ပဲ နေလိုက်ရအောင်...မင်းဒီနေရာကို သဘောမကျဘူးဆိုရင်တောင် နောက် သင့်တော်တဲ့နေရာတစ်ခုရှာတွေ့ရင် ထွက်သွားကြမယ်လေ "

လင်းကျစ်ရန်မှာ ဘေးကျပ်နံကျပ် အခြေအနေသို့ရောက်လာသည်။ သူဆက်ပြီး ငြင်းလျှင် ယဲ့လျှိုရင် သံသရဝင်လာနိုင်သည်။ ယဲ့လျှိုရင် ဆုပ်ကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်ဆီက အေးစက်မှုက သူ့လက်ကို အချိန်မရွေး တစ်ချက်တည်း ချိုးပစ်နိုင်တယ်လို့ သတိပေးနေသယောင်။

လင်းကျစ်ရန်မှာ အံကိုသာ တင်းတင်းကြိတ်လိုက်ပြီး

" ကောင်းပြီ! "

.......

သို့နှင့်, သူတို့ဟာ ဒီနေရာမှာသာနေလိုက်ရတော့သည်။ ယဲ့လျှိုရင်က သူတို့နှစ်ယောက်ကို အတူမထားဘဲ သီးသန့်ခြံဝန်းတစ်ခုစီမှာထားသည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now