အပိုင်း(၄၃.၂)

1.4K 211 1
                                    

Unicode.

ကျိုးယွဲ့သည်လင်းကျစ်ရန်ကိုဘယ်လိုမှလှည့်စား၍မရနိုင်တော့မှန်းသိသွားခဲ့တာကြောင့်အကြံကုန်ဉာဏ်ကုန်အဆုံး လင်းကျစ်ရန်ဆီသို့ လက်နက်ပုန်းတစ်ခုကိုပစ်သွင်းလိုက်ပြီးဓါးပျံပေါ်တက်ကာပြေးတော့သည်။လင်းကျစ်ရန်ကကျိုးယွဲ့ပစ်လိုက်သော အံစာတုံးကိုရှောင်တိမ်းလိုက်ပြီးလေပေါ်သို့ခုန်တက်ကာကျိုးယွဲ့ဓါးတွင်ချိတ်ဆွဲထားသောပန်းပွားကိုဆွဲယူလိုက်ပြီး ကျိုးယွဲ့ကိုဓါးပျံမှပြန်ဆွဲချလိုက်ကာ ရင်ဘက်တည့်တည့်ကိုဆောင့်ကန်လိုက်ပြန်သည်။ထို့နောက်ကျိုးယွဲ့​၏လည်ပင်းရှိဝတ်ရုံစကို ဆွဲကိုင်လျက်မျက်နှာကိုလက်သီးများဖြင့်အဆက်မပြတ်ထိုးသွင်းရင်း ဒေါသတကြီးငေါက်ငမ်းလိုက်သည်

" မူယန်က ခင်ဗျားကိုဒီလောက်ယုံကြည်ခဲ့တာ ခင်ဗျားကသူ့ကိုအသုံးချခဲ့တယ်!!!ကျွန်တော့် အမေကိုသေကြောင်းကြံစည်တယ်!!ကျွန်တော်တို့ကိုလိမ်ညာခဲ့တယ်!! သေသွားတဲ့ခင်ဗျားအမေကိုပဲ သင်္ချိုင်းက ပြန်ထလာခိုင်းပြီး ခင်ဗျားစကားတွေကို သက်သေလုပ်ခိုင်းလိုက်!! "

ကျိုးယွဲ့သည် အစပိုင်းတွင်တော့ညီးတွားအော်ဟစ်နေနိုင်သည့်တိုင်နောက်ပိုင်းတွင်မူသူ့ပါးစပ်တစ်ခုလုံးကသွေးများဖြင့်ပြည့်လျှံနေသောကြောင့်တောင်းပန်စကားပင်မဆိုနိုင်တော့ပါချေ။လင်းကျစ်ရန်သည်ကျိုးယွဲ့ရဲ့ဝိညာဉ်စွမ်းအားကိုစုပ်ယူဖို့အတွက်မိမိရဲ့မိစ္ဆာမှော်ကိုထုတ်မသုံးချင်တာကြောင့်လက်သီးကိုသာသုံးပြီးအသားလွတ်တိုက်ခိုက်လေတော့သည်။အချိန်အတော်ကြာပြီးနောက်ကျိုးယွဲ့မှာအသက်မျှင်မျှင်ပဲ ကျန်ရစ်တော့ပြီးမေ့မျောသွားချိန်တွင်လင်းကျစ်ရန်သည်မတ်တပ်ထလိုက်ပြီး သူ့အကျကိုပြင်ဆင်လိုက်ကာကျိုးယွဲ့ကိုအားပြင်းပြင်းနှင့်အဝေးသို့လွင့်ထွက်သွားအောင်ပိတ်ကန်လိုက်သည်။အရိုးကျိုးသံများထွက်ပေါ်လာခဲ့သည်နှင့်အတူကျွိုးယွဲ့မှာအသက်မရှိချင်ယောင်ပင်ဟန်မဆောင်နိုင်တော့မှန်းသေချာလောက်ပြီဆိုမှလင်းကျစ်ရန် မူယန်ဆီသို့ပြန်လာခဲ့သည်။

မူယန်ကလင်းကျစ်ရန်ကိုကြောင်အမ်းစွာကြည့်နေသောကြောင့်လင်းကျစ်ရန်လည်းကသိကအောက်ဖြစ်သွားသည်။သူအခုတော်တော်လေးဒေါသထွက်မိသွားသည်။နှစ်ယောက်လုံးကစကားမဆိုပဲတစ်ယောက်ကိုတစ်ယောက်သာကြည့်နေကြသည်။ သို့ပေမယ့် မူယန်ကသူ့ကိုချက်ချင်းပင်ပြန်ဆွဲခေါ်လိုက်ပြီး

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now