အပိုင်း(၂၆.၂)

4.2K 733 16
                                    

Unicode.

လင်းကျစ်ရန်သည် မူရန့်ဆီသို့ ကမူးရှူးထိုး ခုန်အုပ်လိုက်လေ၏။ အသွားတစ်ဖက်ဓားကောက်ကြီးမှာ ရက်စက်မှုတို့ဖြင့် ကြောက်ခမန်းလိလိဝင်းဝင်းပြောင်လို့နေသည်။ သို့သော် လင်းကျစ်ရန်က ဂရုမစိုက်ဘဲ ဘေးသို့ အနည်းငယ်ရှောင်တိမ်းလိုက်ပြီး ဓားသွားဖြင့် သူ၏လက်မောင်းကို ပြတ်ရှခွင့်ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မူရန်၏ပုခုံးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လည်တိုင်ကို ကိုက်ဖောက်ပစ်လိုက်တော့သည်။

မူရန်သည် ထိတ်လန့်သွားလေသည်။ သူက လင်းကျစ်ရန်ကို တစ်စစီခုတ်ပိုင်းခါနီးတွင် မအောင်မြင်လိုက်ဘဲ လည်ပင်းရှိဒဏ်ရာမှာ ပို၍နာကျင်လာသည်။

" အားးးးးးးး! ငါ့ကိုလွှတ်စမ်း "

မူရန်သည် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သူ၏ဝိညာဥ် စွမ်းအားများက လည်ပင်းရှိဒဏ်ရာမှတစ်ဆင့် လျင်မြန်သောအရှိန်ဖြင့်အပြင်သို့ယိုစီးသွားကာ ရုတ်တရတ်ပျောက်ကွယ်သွားသောခံစားချက်က သူ့ကိုအလွန်အမင်း ကြောက်ရွံ့သွားစေသည်။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ရှုံ့တွသောအရေခွံကလွဲ၍ဘာမှမကျန်ရစ်တော့ပေ။ သူ့မျက်နှာတွင် နောက်ဆုံးပေါ်လာတာက ကူကယ်ရာမဲ့မှုနှင့် အကြောက်တရားများသာ။အဖြူရောင်ဓားကောက်ကြီးမှာလည်း ပိုင်ရှင်ကိုဆုံးရှုံးလိုက်ရပြီး မြေခသွားလေသည်။ လင်းကျစ်ရန်သည် မူရန်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက်ချက်ချင်းပင် ဂူအပြင်သို့ပြေးထွက်သွားကာ ဒူးထောက်ပြီး အော့အန်တော့သည်။

အချိန်အတော်ကြာအောင် အော့အန်ပြီးမှာ သူနည်းနည်းနေလို့ကောင်းသွားသည်။ လင်းကျစ်ရန်သည် ခေါင်းလှည့်ပြီးမူရန်ကို ကြည့်လိုက်၏။ တကယ့်လို့ သူသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချ ခဲ့လျှင် ဒီအမြှောက်စာ၏လက်ထဲတွင် အသက်ဆုံးရှုံးရတော့မည်။ဂိမ်းကိုမအောင်မြင်လို့ သေဆုံးရမယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး ဒီလူယုတ်မာရဲ့လက်ထဲမှာ သေနိုင်မှာလဲ။

လင်းကျစ်ရန်သည် ​မြေပြင်မှ ကုန်းထလိုက်ပြီး သူ့ဘေးနားရှိအောက်သို့ပြုတ်ကျနေသော အထုပ်ကို ရုတ်တရက်တွေ့လိုက်ရသည်။ ဒါတွေကို မျက်မမြင်အတွက် ယူလာတာ၊ ကြည့်ရတာအသုံးမဝင်တော့ပါဘူးလေ...။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now