{Unicode}
"အချစ်တွေက ခိုင်မာတော့မယ်လို့ ယုံကြည်မိတော့မယ့် အချိန်မှာပဲ မျက်စိရှေ့ကနေ လျှပ်တပြက်
ပျောက်ကွယ်သွားခဲ့တယ်"
ရန်ကျားလိသည် အိပ်မက်ကမ္ဘာထဲတွင် လျှောက်သွားနေခဲ့သည်။ ထိုအိပ်မက်ထဲတွင် သူနှင့်ယဲ့ထင်၏ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ပုံရိပ်များစွာကို မြင်နေရသည်။
သူမြင်နေရသည်မှာ သူနှင့်ယဲ့ထင်၏ ဖိတ်ဆင်ကျမတတ် ချိုမြိန်မှုများနှင့် ပြည့်နှက်နေခဲ့သော အချိန်ကာလများဖြစ်သည်။ သူတို့သည် နေ့စဉ်နေ့တိုင်း လက်တဆုပ်စာ ခွေးစာများကိုကိုင်ကာ ကျောင်းပတ်၀န်းကျင်၌ ပျံဝဲနေကြသော သေလုဆဲဆဲ ခွေးလေခွေးလွင့်များကို အစာကျွေးခဲ့ကြသည်။
ထိုရက်က ယဲ့ထင်သည် ကျောင်းသမ္မဂ္ဂခေါင်းဆောင် ရွေးကောက်ပွဲမှာ ရွေးချယ်အနိုင်ရရှိသွားသည်ကို ကြေညာလိုက်သည်နှင့် သူသည် ယဲ့ထင်ကို အောင်ပွဲခံဂုဏ်ပြုပေးပါရန် စားသောက်ဆိုင်သို့ပင် ခေါ်သွားလိုက်သေးသည်။
အောင်ပွဲခံနေရင်း ရန်ကျားလိက ယဲ့ထင်ကိုမေးသည် "ဒါမှမဟုတ် ငါမင်းကို လက်ဆောင်တစ်ခုခု ပေးရင်ရော?? ဒီနေ့ ဖေကြီး စိတ်အခြေအနေကောင်းနေတယ်ကွာ၊ မင်းဘာလိုချင်လဲ လိုချင်တာသာပြောလိုက်!"
ယဲ့ထင်က စကားတစ်ခွန်းမှပင် ခွန်းတုံ့မပြန်ပါဘဲ ရန်ကျားလိ၏ လက်ကိုဆွဲကာ အနီးဆုံးနေရာတွင်ရှိသော အချစ်ဟိုတယ်ဆီသို့ ဦးတည်လိုက်သည်။
ယဲ့ထင်က ရန်ကျားလိကို ကလူကျီဆယ်ရင်း အိပ်ရာပေါ်သို့ တွန်းလှဲချသည်။
ရန်ကျားလိသည် ကုတင်ဘေးက ယဲ့ထင်ကို လှမ်းကြည့်မိသည်။ သူဟာ မဲဆွယ်စည်းရုံးရေး ကာလတုန်းက ဝတ်ဆင်ခဲ့တဲ့ ရှပ်အင်္ကျီအဖြူနဲ့ အနက်ရောင်ဘောင်းဘီရှည်လေးနဲ့တောင် ကြည့်ကောင်းပြီး ချောမောနေဆဲပင်။
သူသည် မရေတွက်နိုင်သောမိန်းကလေးများ၏ အိပ်ရာမ၀င်မီ စိတ်ကူးပုံဖော်တတ်ကြသော ဇာတ်လမ်းပြဇာတ်များထဲမှ သူရဲကောင်းမင်းသားပုံစံမျိုးဖြစ်သည်။
