{Unicode}
"အသံတိတ်နှုတ်ဆက်မှု"
ယဲ့ထင်သည် ဤရက်ပိုင်းအတွင်း ရန်ကျားလိတစ်ယောက် လိမ္မာတတ်သွားပြီဟုသာ ခံစားနေမိသည်။
ဟိုအရင် အချိန်များတုန်းကဆိုလျှင် သူ့ကိုထိပင် မထိခိုင်းခဲ့သည့် ပုဂ္ဂိုလ်က ယခုအချိန်မှာတော့ ပြောစကားပါ နားထောင်နေပြီဖြစ်ပြီး ရင်ခွင်ထဲမှာပင် နာခံစွာနှင့် မှီရက်ရှိနေတတ်ကာ ခုခံမှုပင် များများစားစား မလုပ်တော့ချေ။
တစ်ချိန်တုန်းက သူ့ဆိုလျှင် တစ်နေ့လုံးနေမှ စကားတစ်ခွန်းပင် မပြောချင်ခဲ့သည့်လူက ယခုဆိုလျှင် ရံဖန်ရံခါ မိမိ၏ ပြောလက်စ စကားကိုပင် အထအနကောက်ပြီး ဆက်ပြောတတ်နေပြီဖြစ်သည်။
ရန်ကျားလိ လိမ္မာရေးခြား ရှိနေရသည့် အကြောင်းအရင်းကိုတော့ မစူးစမ်းကြည့်ရသေးသော်လည်း သူ၏ တရင်းတနှီး ရှိလှသော အမူအရာလေးမှာ ယဲ့ထင်အား အင်မတန်မှပင် စိတ်သက်သာရာ ရစေသည်။
ရန်ကျားလိသာ အစောကတည်းက ဤမျှ ပြောစကား နားထောင်ခဲ့မည်ဆိုလျှင် သူသည်လည်း အင်အားအများကြီး စိုက်ထုတ်နေစရာ မလိုလောက်ခဲ့ပေ။
ရေချိုးခန်းထဲမှ ရေချိုးသန့်စင်ပြီး ထွက်လာသောအခါ ယဲ့ထင်သည် စိုစွတ်နေသော ဆံပင်များကို လေမှုတ်လိုက်ပြီး ရန်ကျားလိ နံဘေးတွင် ဝင်ထိုင်လိုက်သည်။
ရန်ကျားလိသည် ကုတင်ပေါ်တွင် မှီလျက် လဲလျောင်းနေပြီး လက်ကိုင်ဖုန်းကို ကြည့်နေသည်မို့ မျက်နှာထက်တွင် ဖုန်းစခရင်ပေါ်မှ အလင်းရောင်၏ ထင်ဟပ်မှုကြောင့် ဖြူဖျော့နေ၏။
ယဲ့ထင်က သူ့နံဘေးထိ ကပ်သွားပြီး လေသံကိုနိမ့်ကာ
"ဘာကြည့်နေတာလဲ"
ရန်ကျားလိသည် ဖုန်းစခရင်ကို လှန်ပြလာသည်။ ၎င်းမှာ စကားစမြည်ပြောထားသော မှတ်တမ်းတစ်ခုဖြစ်သည်။
သူသည် ယဲ့ထင်၏ ခန္ဓာကိုယ်ပေါ်မှ ဖြန့်ကျက်ပေးနေသော ကျားဟော်မုန်း အနံ့အသက်များကို ရှုရှိူက်မိနေရင်း တည်ငြိမ်စွာ ပြောလာသည်။
![](https://img.wattpad.com/cover/287016747-288-k570430.jpg)