{Unicode}
"နစ်မြောနေသော ဝေလငါး"
ရန်ကျားလိသည် ဝမ်ယန်ကို အဖော်ပြုကာ ကိတ်မုန့်ဆိုင်သို့ သွားခဲ့ကြသည်။
ဝမ်ယန်က ကိတ်မုန့် သွားဝယ်ချင်သည်ဟု ပြောလာပြီး ရန်ကျားလိသည်လည်း ယဲ့မျိုးရိုး ဒရိုင်ဘာကို ကားခေါင်း ပြန်လှည့်ခိုင်းရသည်။
ကံကောင်းထောက်မစွာဖြင့် လမ်းတစ်ဖက်တွင် Holiland ကိတ်မုန့်ဆိုင် ရှိနေသည်။
ယဲ့ထင်သည် စတီယာရင်ကို လှည့်ကာ ကားကို လမ်းဘေးနား ကပ်နေချိန်တွင် ရန်ကျားလိသည် တစ်ခုခုကို စဥ်းစားမိသွားသလိုမျိုး မိမိ၏ ကျောပိုးအိတ်ထဲမှ အိမ်ဂရမ်မြေ လိုင်စင်ကို ထုတ်လာပြီး ဝမ်ယန်ကို ပေးလိုက်ကာ
"မင်းရဲ့ အိမ်ဂရမ်မြေ လိုင်စင်၊ အရင်က အပေါင်ခံထားတဲ့ အခြေအနေမှာကို ငါ မင်းအတွက် ပြန်ယူလာခဲ့ပြီနော်။ အဲ့ဒီအကြွေးတွေလည်း ပြေလည်သွားပြီ၊ စိတ်မပူနဲ့တော့"
ဝမ်ယန်၏ အကြည့်က မဆိုစလောက် လှုပ်ယမ်းသွားပြီး လက်ခံယူလိုက်ကာ
"ကျေးဇူးပါ"
"ငါတိုနှစ်ယောက် အရင်က အကြွေးတွေ ကြေပြီနော်။ မင်းရဲ့ စာချုပ်နဲ့ ပတ်သတ်ပြီး ကန့်သတ်ထားတာတွေ အားလုံးကိုလည်း ငါယဲ့ထင်ကို အဲ့ဒီဘက်မှာ ဖျက်သိမ်းခိုင်းလိုက်မယ်။ မင်းအလုပ် ဆက်ပြီး လုပ်လို့ရတယ်"
ပြောနေရင်း ရန်ကျားလိသည် ယဲ့ထင်ထံ ပခုံးတွန့်ပြလိုက်ကာ မျက်လုံးဖြင့် စိုက်ကြည့်လိုက်ပြီး
"မင်း ပြောပြလိုက်လေ"
ယဲ့ထင်သည် တည်ငြိမ်စွာနှင့် စတီယာရင်ကို လှည့်လိုက်ပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားကာ
"မင်းက ဖျက်သိမ်းတယ်ဆိုလည်း ဖျက်သိမ်းတယ်ပေါ့၊ အားလုံး မင်းသဘောပါပဲ
ကားလေးသည် ချောချောမွေ့မွေ့နှင့် လမ်းမဘေး ရပ်သွားသည်။
ရန်ကျားလိသည် ကားတံခါးဖွင့်ပြီး ဝမ်ယန်နှင့်အတူ လိုက်ဆင်းသည်။
ယဲ့ထင်လည်း အစက အတူ လိုက်ဆင်းချင်နေသော်လည်း ရန်ကျားလိက သူ့အား ဒရိုင်ဘာ ထိုင်ခုံတွင် ပြန်ဖိလိုက်ကာ ပြုံးစစနှင့်
