73

11.3K 1.6K 135
                                    

{Unicode}

"အတိုင်းအဆမဲ့ ပေါက်ကွဲခြင်း"

ရှောက်ယယ်သည် အိမ်စီးဖိနပ် လဲဝတ်လိုက်ပြီး ယဲ့ထင်အနားသို့ လျှောက်လာသည်။

ယဲ့ထင်က သူ့အား တစ်ချက်မျှသာ စိုက်ကြည့်ခဲ့ပြီး အေးစက်စက် ဟမ့်ခနဲ အသံပြုလိုက်ကာ ကျောက်ရှန့်ဟိုင်၏ အင်္ကျီကော်လံကို မကျေမနပ် ဖြေလျှော့ပေးလိုက်သည်။

သူက ရှောက်ယယ်၏ မေးခွန်းကို ချက်ချင်းအလျင်း မတုံ့ပြန်ခဲ့ပေ။ မိမိယူလာသည့် စာရွက်စာတမ်း အထပ်လိုက်ကို ကျောက်ရှန့်ဟိုင်ရှေ့ အကြမ်းပတမ်း ပစ်ချလိုက်သည်။

"ထျန်းဟိုင်နယ်မြေက ပရောဂျက်၊ ဆယ့်ခြောက်သန်း တန်တယ်"

ယဲ့ထင်၏ မျက်ဝန်းထဲတွင် ကြမ်းရမ်းချင်သော သားရဲကဲ့သို့ နိမိတ်မကောင်းသော လက္ခဏာများ ပြည့်နေသည်။ ထိုမျှ အေးစက်ပြီး အညှာတာ ကင်းမဲ့မှုများက လူတို့၏ နှလုံးသားထိတိုင် တည့်တည့်မတ်မတ် ထိုးစိုက်နိုင်ကြသည်။

"ကျောက်ရှန့်ဟိုင်၊ ငါမင်းကို အချိန် သုံးရက်ပေးမယ်။ လူကို ပြန်ထုတ်လာပြီး နဂိုအတိုင်း ငါ့နံဘေးကို ပြန်ပို့ပေး။ သုံးရက်နေလို့ ပြန်မပေးသေးဘူးဆိုရင် ဒီပရောဂျက်အတွက် မင်းတစ်ပြားတစ်ချပ်မှ မရစေရဘဲ လုံးဝ အရှုံးပေါ်သွားစေရမယ်"

ကျောက်ရှန့်ဟိုင်သည် လက်ဖက်ရည် စားပွဲပေါ်မှ စာရွက်စာတမ်း အထပ်လိုက်ကို လှမ်းကြည့်လိုက်သည်။

ယဲ့ထင်က ထိုကဲ့သို့ ကိစ္စမျိုးကို အတည်ပေါက်ကြီး လုပ်နိုင်သည့် လူစားမှန်း သူလည်းသိသည်။

သို့သော်လည်း ကိစ္စများက ဤမျှထိပင် ဖြစ်တည်ခဲ့လေရာ သူသည်လည်း မကြောက်ရွံ့တော့ပေ။ ယဲ့ထင်ထံတွင် လုပ်နိုင်စွမ်းရှိပြီး သူ့မှာတော့ တန်ပြန်တိုက်ခိုက်ဖို့ရန် ခွန်အားပင် မရှိပါချေ။

ရှောက်ယယ်က ရပ်ကြည့်မနေနိုင်တော့ဘဲ ကျောက်ရှန့်ဟိုင်နှင့် ယဲ့ထင်ကြား ဝင်လိုက်ကာ မျက်မှောင်ကြုတ်လျက် မေးလာသည်။

"တကယ်ပဲ ဘာဖြစ်နေကြတာလဲ"

"မင်းရဲ့မိန်းမကိုပဲ မေးပါလား"

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now