{Unicode}
"စိတ်မချမ်းသာ"
ရှောက်ယယ် ရုံးခန်းထဲ ဝင်လာချိန်တွင် မျက်နှာကြီးက မည်းရှုံ့နေသည်။
ရန်ကျားလိသည် သူ့အား တံခါးကြားမှ ကြည့်နေပြီး ကြည့်ရင်း ကြည့်ရင်းနှင့် မနေ့က ယဲ့ထင် သူ့ကိုပေးခဲ့သည့် ဟက်စကီးကောင်နှင့် တူလာသည်ဟုသာ ခံစားလိုက်ရသည်။
တစ်ပုံစံတည်း အစွယ် တဖွေးဖွေး၊ သွားရေ တမျှားမျှား၊ တစ်ပုံစံတည်း တဝုတ်ဝုတ် အူငင်ပြီး၊ လူကို လိုက်နှောင့်ယှက်သည်မှာလည်း တစ်ပုံစံတည်းပင်။
ရှောက်ယယ်သည် မရှုမလှ မျက်နှာနှင့် ကျောက်ရှန့်ဟိုင်ရှေ့ လျှောက်သွားလိုက်ပြီး မျက်လုံးထဲတွင်လည်း မည်းမှောင်နေကာ ခံစားချက်များ ရောပြွန် လှိုင်းထနေသည်။
ကျောက်ရှန့်ဟိုင်မှာတော့ အေးဆေး တည်ငြိမ်နေပြီး လက်ထဲမှ နောက်ဆုံးသော စာရွက်စာတမ်းကို လက်မှတ်ထိုးပြီးမှ ခေါင်းမော့လာကာ အညှာတာ ကင်းမဲ့စွာနှင့်
"ကိစ္စရှိ?"
ရှောက်ယယ်သည် လက်သီးကျစ်ကျစ် ဆုပ်ထားပြီး
"ခင်ဗျား မသိဘူးလား။ မနေ့ညက ကျုပ်ခင်ဗျားကို တစ်ညလုံး စောင့်နေတာ"
ကျောက်ရှန့်ဟိုင်က သြော်ဟု ပြန်ပြောလာပြီး စာရွက်စာတမ်းများကို တစ်ဖက်ချကာ မျက်မှန် ချွတ်လိုက်သည်။
ရှောက်ယယ်က အံကြိတ်နေပြီး
"မနေ့က ဘယ်သွားတာလဲ။ ဘယ်သူနဲ့ သွားတာလဲ! စကားပြောလေ၊ အ နေတာလား"
ကျောက်ရှန့်ဟိုင်က မျက်လွှာပင့်လိုက်ပြီး မျက်လုံးထဲတွင် အရင်အချိန်က တည်ရှိခဲ့သော နွေးထွေးပျူဌာမှုနှင့် သူတစ်ပါးအပေါ် တွေးခေါ် ဆင်ခြင်ပေးမှုတို့က လုံးလုံး ပျောက်ကွယ်သွားကာ လေးဆေး တည်ငြိမ်မှုတို့သာ အစားဝင်လာပြီး
"ငါဘယ်သွားလဲ ဆိုတာက မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်း မမေ့နဲ့၊ ငါတို့ လမ်းခွဲပြီးပြီ"
"ကျုပ်စောက် သဘောမတူဘူး!"
ရှောက်ယယ်က အလောသုံးဆယ် ဖြစ်လာပြီး ဒေါသမာန်တက်နေသည့် မျက်လုံးများက ပေါက်ထွက်လာတော့မည့်အတိုင်း ဖြစ်နေကာ
![](https://img.wattpad.com/cover/287016747-288-k570430.jpg)