{Unicode}
ရန်ကျားလိဟာ သူ့ဘဝကအဆုံးသတ်တော့မယ်လို့ ထင်နေမိတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်တွေက သူ့ကိုကောင်းကင်တွေပေါ် ပျံသန်းနေရသလိုမျိုး ပျော်ရွှင်စရာတွေပေးပြီး ချစ်ပေးခဲ့တဲ့ ဝံပုလွေလိုရည်းစားဟောင်းက အခုတော့ တရုတ်ပြည်ကိုပြန်ရောက်လာပြီး သူ့ကိုသေမလိုနှိပ်စက်နေလို့ပဲ!!!
ရန်ကျားလိက အလုပ်တစ်နေရာရာရဖို့ ကြိုးစားပမ်းစားရှာနေရင် ရည်းစားဟောင်းက သူ့ကိုအလုပ်မပေးဖို့ တာဝန်ရှိသူတွေကိုခိုင်းလိုက်လိမ့်မယ်။
ရန်ကျားလိက ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖို့ ကြိုးစားလိုက်ရင် ရည်းစားဟောင်းက သူ့ဆိုင်လေး အရင်းပြုတ်ပြီး သွေးအန်သွားမတက် အရှုံးပေါ်သွားအောင်လုပ်ပေးလိုက်ဦးမယ်။
ရန်ကျားလိက မြစ်ကိုဖြတ်ဖို့ ကြိုးစားနေရင်တော့ ရည်းစားဟောင်းက တံတားကိုဖြိုပေးလိုက်ဦးမှာ။
စိတ်တိုလာသော ရန်ကျားလိ : မင်းငါချီးထဲမှ ဒီတစ်သက် ပြီးဦးမှာလား။ ငါ့ကိုတကယ်ပဲ အဲ့လောက်တောင်မုန်းနေရင် လောင်ကျစ်ဒီညပဲ ဒုံးပျံလက်မှတ်ဝယ်ပြီး မင်းအနားကနေ အဝေးဆုံးကို ထွက်သွားပေးမယ်။ ငါ့ကိုခွေးတစ်ကောင်လိုမျိုး နှိပ်စက်နေရအောင် မင်းအမေကဘာမျိုးရိုးလဲ?*
ရည်းစားဟောင်း : တကယ်လို့ ငါနှိပ်စက်တာ မခံချင်ရင် မင်းအတွက်နည်းလမ်းနှစ်ခုရှိတယ်။ ပထမတစ်ခု - မင်းငါ့ကိုချစ်သေးတယ်လို့ဝန်ခံတာ။ ဒုတိယတစ်ခု - ငါနဲ့ပြန်တွဲ။
ရန်ကျားလိ : မင်းဆေးလှုပ်သောက်ရဲ့လား???
ရည်းစားဟောင်း : မင်းသာလက်ခံပေးမယ်ဆိုရင်ပေါ့။
ရည်းစားဟောင်းက ရန်ကျားလိရဲ့နှုတ်ခမ်းကို အနမ်းကြမ်းကြမ်းတစ်ပွင့်ပေးလိုက်တယ်။
ရည်းစားဟောင်း : ဒီနေ့ကစပြီး မင်းသာကိုယ့်ကို ကြိုက်သလိုနှိပ်စက်လိုက်ပါ။ ကိုယ်လုံးဝဘာမှပြန်မလုပ်ဘူး။ ဟုတ်ပြီလား...
အစ်ကိုယဲ့ : အဲ့တုန်းကမင်းငါနဲ့ လမ်းခွဲရဲခဲ့တယ်ပေါ့။ ကောင်းပြီ ငါအခုမင်းကိုသေအောင် ကစားပေးမယ်။ သေအောင်နှိပ်စက်ပေးမယ်။ ငါ....ငါလိုး မိန်းမရေ တကယ်ဒဏ်ရာရသွားတာလား။ လာလာလာ သွေးတွေထွက်နေသေးလား အမြန်ကိုယ့်ကိုပြ။ နာနေလား။ လာလာ ပေါင်ပေါင်း ကိုယ်မှုတ်ပေးမယ်။
