{Unicode}
"သူ့ကိုသေအောင်
လုပ်လိုက်ကြမယ်လေ"ကျောက်ရှန့်ဟိုင် ထွက်သွားသည်နှင့် ရန်ကျားလိလည်း အသံကို ထွက်မလာတော့ပေ။
သူ၏ တစ်ကိုယ်လုံးသည် တစ်စုံတစ်ယောက်နှင့် တူတူပုန်းတမ်း ကစားနေသကဲ့သို့ အမှောင်အတိ ဖုံးလွှမ်းနေသည့် ထောင့်တစ်နေရာ၌သာ ပုန်းခိုနေသည်။
ယဲ့ထင်သည် မနီးမဝေး တစ်နေရာမှာ ရပ်လို့နေပြီး ထောင့်စွန်းမှ လှုပ်ရှားမှုမရှိ၊ အသံတိတ်နေသည့် လူရိပ်ကို ကြည့်နေရင်း အသွားမပါသည့် မာကြောကြော လက်နက်တစ်ခုက သူ့ရင်ဘတ်ကို အတင်းကာရော ထိုးဆွနေသကဲ့သို့ နှလုံးသားထဲတွင် ခါးသီးမှုနှင့် နာကျင်မှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
သူ၏ ပေါင်ပေ့က အခုတော့ဖြင့် တတ်နိုင်သမျှ နည်းမျိုးစုံနှင့် သူ့အား ငြင်းဆန်နေကာ သူနှင့်ဝေးနိုင်သမျှ ဝေးကွာသွားအောင် ပုန်းရှောင်နေလေသည်။
သို့ပေတိ အပြင်လူတစ်ယောက်ကိုတော့ ထိုမျှ တရင်းတနှီးနှင့် ရင်ခွင်ထဲသို့ပင် တက်တက်ကြွကြွ ပစ်ဝင်သွားလိုက်သေးသည်။
ယဲ့ထင်သည် အသက်ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး စိတ်ထဲမှ ရူးကြောင်ကြောင် ခံစားချက်များကို ထိန်းချုပ်ထားလိုက်သည်။
သူသည် ခြေနှစ်လှမ်း လှမ်းလိုက်ပြီး လက်ဆန့်ထုတ်ကာ အတတ်နိုင်ဆုံး ညင်ညင်သာသာနှင့် ပြောလိုက်သည်။
"ရန်ရန်၊ ဒီကိုလာ"
အမှောင်ထဲမှ အကာအကွယ် အပြည့်ယူထားသော မျက်ဝန်းတစ်စုံသည် ယဲ့ထင်အား စိုက်ကြည့်နေပါသော်လည်း ခန္ဓာကိုယ်မှာတော့ တစ်ချက်မျှပင် လှုပ်ရှားမလာပါပေ။
ယဲ့ထင်သည် လေသံကို ပိုကျယ်လိုက်ပြီး ချော့ကာမော့ကာနှင့်
"ကိုယ်မင်းကို ဘာမှမလုပ်ပါဘူးကွာ။ လာ၊ ကိုယ့်ဆီ တိုးလာခဲ့။ ခုနက မင်း ကျောက်ရှန့်ဟိုင်ဆီ တိုးသွားသလိုမျိုးလေ"
ရန်ကျားလိသည် ထွက်မလာသည့်အပြင် အထဲသို့ပင် ပို၍ကျုံ့ဝင်သွားသေးသည်။
![](https://img.wattpad.com/cover/287016747-288-k570430.jpg)