{Unicode}
"မင်္ဂလာပွဲ"
ယဲ့ထင်သည် ရန်ကျားလိ၏ နှုတ်ခမ်းထဲ သဲကြီးမဲကြီး ချင်းနင်း ဝင်ရောက်လာသည်။
ရန်ကျားလိသည် ယဲ့ထင်၏ ရာဂစိတ်များ နိုးကြွနေသော အနမ်းများဖြင့် နမ်းရှုံ့ခံနေရခြင်းကြောင့် အသက်ရှူရသည်မှာပင် ရပ်တန့်လုနီးပါး ဖြစ်လာသည်။
ခက်ခက်ခဲခဲနှင့် ယဲ့ထင်၏ ထိန်းချုပ်ထားမှုမှ ရုန်းထွက်လာပြီးနောက် ရန်ကျားလိသည် အသက်ဝဝရှူပြီး ဆဲဆိုတော့သည်။
"မင်းကငါ့ကို အသက်ရှူကျပ်ပြီး သေသွားအောင် လုပ်နေတာလား။ ငါအသက်တောင် ရှူလို့မရတော့ဘူး။ ဘာတွေအဲ့လောက် စိတ်လှုပ်ရှားနေတာလဲ"
ယဲ့ထင်က ရန်ကျားလိ၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး သူ့မျက်လုံးထဲ ဖိတ်ဖိတ်စင်အောင် တောက်ပနေသည်။
"ကိုယ်အခု မင်းကို ဘယ်လိုပဲကြည့်ကြည့် သဘောကျတယ်။ ပိုကြည့်မိလေ ပိုသဘောကျလာလေပဲ"
ရန်ကျားလိက တစ်ချက် ညည်းညူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေသည့်နှယ် မေးပင့်လာလေ၏။
ယဲ့ထင်၏ လက်ချောင်းများက ရန်ကျားလိ၏ မေးစေ့ထက် ခဏကြာအောင် ထိသပ်နေရင်း ရုတ်တရက် အကြည့်က နက်နဲသွားကာ ဖိနှိပ်ထားသော လေသံနှင့်
"ပေါင်ပေါင်း၊ ကိုယ်မင်းကို သဘောကျပေမယ့် လက်မထပ်ခင်မှာ ကိုယ်တို့ရဲ့ ရေရှည်ပျော်ရွှင်မှုအတွက် ကိုယ်မင်းကို သေချာ ရှင်းပြရမယ့် အချက်တစ်ချက် ရှိသေးတယ်"
ရန်ကျားလိက ဟီးဟီးဟု ရယ်လိုက်ပြီး
"မင်းက တကယ်တော့ ပန်းသေနေတာ?"
ယဲ့ထင်၏ အကြည့်မှာ ခဏတွင်းချင်း နွံ့နစ်သွားလေ၏။
ရန်ကျားလိက အရင်တုန်းကအတိုင်း ဘရိန်းချောင်ပြီး အသည်းနှလုံး ကင်းမဲ့တဲ့ပုံစံက မပြောင်းမလဲ ရှိနေသေးတယ်ဆိုတာ သူသိသားပဲ။
ယဲ့ထင်က ရန်ကျားလိ ဆံပင်များကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး အရိုင်းတစိုင်း စကားဆိုသည်။
