{Unicode}
"ပုန်းအောင်းခြင်း"
ကျောက်ရှန့်ဟိုင်သည် ရှောက်ယယ်ကြောင့် ထိတ်လန့်သွားရသည်။
သူသည် မျက်မှောင်ကြုတ်ထားရင်း အတော်ကြာကြာ အံ့သြနေပြီးမှ အသံထွက်လာသည်။
"မင်းဒါက ဘာလုပ်နေတာလဲ"
ရှောက်ယယ်သည် ကြမ်းပြင်ပေါ် ဒူးထောက်နေပြီး ခေါင်းမာစွာနှင့် ခေါင်းလှည့်သွားသည်။ လေသံမှာလည်း အုံ့မှိုင်းမှိုင်းနှင့်
"ကျွန်တော် မှားမှန်း သိပါပြီ"
"ဟိုင်ကော၊ ကျွန်တော် မှားသွားမှန်း သိပါပြီ"
ရှောက်ယယ်၏ပုံမှာ အရိုက်ခံလိုက်ရလို့ အားပျော့နေသည့် ခွေးကြီးက နောက်ဆုံးတွင် တဝုတ်ဝုတ်နှင့် လျှောက်ဟောင်လို့ မရတော့သည်ကို နားလည်သွားပြီး ပန်းကန်ခွက်ကိုက်ကာ ရိုးရိုးသားသားနှင့် ဗိုက်မှောက်နေရင်း ခွင့်လွှတ်ပေးဖို့ တောင်းပန်နေသလိုပင်။
"ကျွန်တော် အဲ့လိုတွေ မလုပ်ခဲ့သင့်ဘူး။ ပြီးခဲ့တဲ့ ရက်တွေမှာ ကျွန်တော်ကပဲ လွန်လွန်ကဲကဲ ဖြစ်နေခဲ့တာပါ။ ကျွန်တော် အခုအားလုံး နားလည်သွားပါပြီ။ ခင်ဗျား (လုပ်)နိုင်၊ (လုပ်) နိုင်...."
(TN/ သူကအနောက်မှာ ဆက်မပြောထားတော့ ဆီလျော်အောင် ဘာသာပြန်လို့ မရဘူးဖြစ်နေတယ်...သူက ဒီလို能不能လေးပဲ သုံးထားတာမို့ လုပ်နိုင်မလားလို့ ပြောချင်တာမျိုးပေါ့ အကယ်၍ အနောက်က ခွင့်လွှတ်တာလို့ ဆက်ပြောလိုက်ရင် ခွင့်လွှတ်ပေးနိုင်မလား ဖြစ်သွားလောက်ပေမယ့် သူက ဆက်မပြောထားတော့ ဆင်ပြေအောင် ဘာသာမပြန်တတ်တော့ဘူး😁)
သူ့စကား မဆုံးသေးခင်မှာပဲ ကျောက်ရှန့်ဟိုင်က ခပ်ဖျော့ဖျော့လေး ဆိုလာသည်။
"မင်း ထလာစမ်းပါ"
ရှောက်ယယ်သည် ရုတ်တရက် ခေါင်းလှည့်လာပြီး အနည်းငယ် နီရဲနေသော မျက်လုံးနှင့် ကျောက်ရှန့်ဟိုင်ကို ကြည့်သည်။
ကျောက်ရှန့်ဟိုင်က သူ့ကိုအတင်း ဆွဲမ,လိုက်သောအခါ ရှောက်ယယ်၏ ခန္ဓာကိုယ်က သန်မာနေ၍ ကျောက်ရှန့်ဟိုင်ပင် အင်အားအများအပြား စိုက်ထုတ်လိုက်ရသည်။
