{Unicode}
"သူကအခုထိ ငါ့အတွက်ပဲ"
အတွင်းရေးမှူးတစ်ယောက် ရုံးခန်းထဲ ဝင်လာသောအခါ ယဲ့ထင်သည် ရုံးခန်းထဲတွင် မရပ်မနား ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။
မျက်နှာထက်တွင် မှုန်မှိုင်းလို့နေပြီး ကြည့်ရသည်မှာ လွန်စွာမှပင် စိုးရိမ်သောက ရောက်နေပုံပေါ်၏။
အတွင်းရေးမှူးသည် သူ၏ ဒေါသကို မထိုးဆွရဲ၍ ဥက္ကဌယဲ့ဟုသာ အကြိမ်အနည်းငယ် ခပ်တိုးတိုး ခေါ်ဆိုခဲ့သည်။ သို့သော်ငြား ယဲ့ထင်က သူမအား ဂရုပင် စိုက်လျက် ရှိမနေကြောင်းကို တွေ့လိုက်ရပြီးနောက် သူမသည် ယဲ့ထင် ကိုယ်တိုင်ကိုယ်ကျ ပြန်လည်သုံးသပ်ပြီး လက်မှတ်ထိုးပေးရန် လိုအပ်သည့် စာရွက်စာတမ်းအချို့ကို ကိုင်ဆောင်ကာ နံဘေးတွင် ရပ်လိုက်သည်။ သူမသည် ချောက်ကမ်းပါးစောက်တွင် ရပ်နေရသည့်အလား မျက်လုံးများက တမှိတ်မှိတ် ဖြစ်နေကာ အနည်းငယ် မတရားသဖြင့် ခံနေရသည်ဟု ခံစားနေခဲ့ရသည်။
ယဲ့ထင်၏ စိတ်အခြေအနေသည် ယခုအချိန်ထိ အေးချမ်းတည်ငြိမ်မှု မရနိုင်သေးပေ။
သူ၏ ဦးနှောက်ထဲတွင် လွန်ခဲ့သော အချိန်က ဖုန်းကောလ်ထဲတွင် ထွက်ပေါ်လာသော အမျိုးသားတစ်ယောက်၏ အသံနှင့်သာ ပြည့်နှက်နေခဲ့သည်။
ရန်ကျားလိသည် လက်ရှိအချိန်တွင် နံဘေး၌ ယောက်ျားတစ်ယောက်နှင့် အတူရှိနေမှာ အသေအချာဖြစ်ပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးကိုလည်း အသေအချာ ကောက်ချက် မချနိုင်သေးပေ။
ထိုအမျိုးသား၏ အသံအား နားထောင်ရသည်မှာ ရန်ကျားလိအပေါ်တွင် ရင်းနှီးကျွမ်းဝင်သော ပြုမူ ပြောဆိုပုံမျိုးရှိပြီး မရှိသင့်သည့် စိတ်ခံစားချက်များပါ ရှိနေဦးမလား ဆိုတာကိုလည်း သူမသိနိုင်ပေ။
ယဲ့ထင်သည် ထိုအမျိုးသား ပြောသွားသည့် စကားကို ထပ်ခါထပ်ခါ စေ့စေ့စပ်စပ် တွေးတော စဥ်းစားနေရင်း ရုတ်တရက် ထိုအမျိုးသားက ရန်ကျားလိအား ရေပူစမ်းတွင် ရေစိမ်ရန် ဖိတ်ခေါ်နေကြောင်းကို အမှတ်ရမိသွားသည်။
![](https://img.wattpad.com/cover/287016747-288-k570430.jpg)