{Unicode}
"ဖိအားပေး အညံ့ခံခိုင်းခြင်း"
အသစ်စက်စက် ဘဏ်ကဒ်လေးသည် ရန်ကျားလိရှေ့မှောက် နေရာယူထားသည်။
ရန်ကျားလိသည် ထိုကဒ်ကို စိုက်ကြည့်နေကာ အနည်းငယ် မယုံရဲသော အမူအရာနှင့်
"မင်းခုနက ပြောတာ၊ မင်းကငါ့ကို ဘာဖြစ်တယ်?"
ယဲ့ထင်သည် လက်ချောင်းများကို တစ်ချောင်းချင်းစီ ညွှန်ပြလာပြီး တသမတ်တည်း ဖြစ်နေသော အမူအရာနှင့်
"မင်းကို ပိုင်ဆိုင်ချင်တာ"
"မင်းနှမကိုပဲ သွားပိုင်ဆိုင်နေလိုက်"
ရန်ကျားလိသည် ရုတ်တရက် ထရပ်လိုက်ပြီး မျက်နှာမှာလည်း ဒေါသကြောင့် နီမြန်းနေပြီဖြစ်သည်။ အရှက်ခွဲခံရပြီးနောက် မျက်လုံးထဲတွင်လည်း အမျက်ဒေါသတို့ ပွက်ပွက်ဆူနေတော့သည်။
"ငါကရောင်းကုန် ပစ္စည်းမဟုတ်ဘူး။ ဘယ်သူ့ကိုလာပြီး စိတ်ရှုပ်အောင်လုပ်နေတာလဲ"
ယဲ့ထင်သည် ခြေထောက်နှစ်ချောင်းကို ချိတ်ထိုင်ထားပြီး ဖြေးဖြေးဆေးဆေးနှင့် အင်းဟု အသံပြုသည်။
ရန်ကျားလိ၏ ဒေါသပုံထနေသော အမူအရာကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ငါက မင်းအပေါ်တောင် တက်ပြီးနေပြီကို ဘာတွေရှက်နေသေးတာလဲ။ ဒါက လက်တွေ့ကျတဲ့ လူ့ဘောင်အဖွဲ့အစည်း၊ မင်းလိုအပ်နေတာကို ငါပေးမယ်။ မင်းကလည်း မင်းကိုမင်း ငါ့ဆီပေးလိုက်...လုံးဝတရားမျှတတဲ့ အပေးအယူပဲဟာ"
ရန်ကျားလိက အေးစက်စက်နှင့် နှစ်ကြိမ်မျှ ရယ်မောလိုက်သည်။
သူ့အား လက်ဝယ် ပိုင်ဆိုင်ချင်နေသည်ကို တရားမျှတသည့် အလဲအလှယ်ဟူ၍ ယဲ့ထင်ဆိုသူက အရှက်မရှိ ပြောထွက်လာရဲသေးသည်။
သောက်ကျိုးနည်း မျက်နှာက ဂျူပီတာဂြိုလ်ထက်တောင် ပိုကြီးသေးတယ်။
(ဒါက အရှက်မရှိ မျက်နှာပြောင်တိုက်တာကို ဆိိုလိုတာဖြစ်မယ်။ သေချာတော့သိဘူး ဟီး)
ရန်ကျားလိသည် ယဲ့ထင်၏ အကြည့်များကို လျစ်လျူရှုကာ သွေးအေးနေသော မျက်နှာထားနှင့် မတ်တပ်ရပ်လိုက်ပြီး တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
