69

11K 1.7K 80
                                    

{Unicode}

"တောင်ပြေးမြောက်ရောက်"

လက်ထောက်၏ ဖုန်းခေါ်ဆိုမှုမှာ တစ်ကော်လ်ပြီး တစ်ကောလ် အလျင်စလို ဝင်ဝင်လာ၏။

လက်ထောက်၏ အသံမှာ ထငိုတော့မလိုတောင် ဖြစ်နေသည်။

"ဥက္ကဌကျောက်၊ ဥက္ကဌယဲ့က ဒီဘက်မှာ တားလို့ မရလောက်တော့ဘူး။ ဆရာ သူ့ကို တွေ့မှာလား"

ကျောက်ရှန့်ဟိုင်သည်လည်း ထိုအခြေအနေတွင် စတင်ပြီး ခြေမခိုင်တော့သလိုပင် ဖြစ်လာသည်။

သူသည် လက်ထောက်အား ဆက်တားထားပေးဖို့ရန် ပြောမည်ကြံသေး ဆက်သွယ်မှု၏ တစ်ဖက်ခြမ်းတွင် ရုတ်တရက် ဆူညံသံများ ထွက်လာလေ၏။ ယဲ့ထင်၏ အုံ့မှိုင်းနေသော လေသံက လေလိုင်း၏ တစ်ဖက်ခြမ်းဆီမှ ထွက်လာသည်။ လေသံက အင်မတန်မှ အေးစက်စွာပင်။

"ဘာလဲ၊ ငါ့ကို မတွေ့ရဲလို့လား"

ကျောက်ရှန့်ဟိုင်၏ မျက်နှာက တောင့်ခဲသွားပြီး သတိမထားမိဘဲ ဖုန်းပါ ချမိသွားသည်။

သူ ဖုန်းမချခင် စပ်ကြားတွင် ရန်ကျားလိလည်း ယဲ့ထင်တစ်ယောက် သက်ပြင်းချပြီး ပြောလိုက်သံကို ကြားလိုက်ရသေးသည်။

"ပေါင်ပေါင်း၊ ကိုယ် ပြောပြီးပြီလေ။ မင်းသာ ကိုယ့်ဘေးမှာပဲ ကောင်းကောင်းနေနေရင် ကိုယ်မင်းအပေါ် အများကြီး အများကြီး ကောင်းပေးမှာပါလို့။ ကိုယ်ကတော့ မင်းကို ဘယ်လောက်တောင် ချစ်မြတ်နိုးပေးချင် နေလိုက်သလဲ။ ဒါပေမဲ့ မင်းကတော့ ဘာလို့ အဲ့လောက်တောင် ကိုယ့်ကို ဒေါသထွက်အောင် လုပ်ချင်နေရတာလဲ"

ရန်ကျားလိ၏ တစ်ကိုယ်လုံးသည်လည်း တောင့်တင်းသွားပြီး ချွေး ပုတီးလုံးကြီးများမှာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ကျောက်ရှန့်ဟိုင်သည် လက်ထဲမှ မိုက်ခရို ဂျီပီအက်စ်ကို သေမတက် စိုက်ကြည့်နေရင်း နောက်ဆုံးသော တည်ငြိမ်မှုလေးကို စွဲကိုင်ကာ တုန်လှုပ်ချောက်ချားနေမှုများကို ချုပ်တည်းလိုက်ရင်း နည်းလမ်း စဥ်းစားနေခဲ့သည်။

ယဲ့ထင်၏ ဘက်တော်သားများသည် အောက်ထပ်တွင် ပိတ်ဆို့ထားနှင့်ပြီးဖြစ်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now