{Unicode}
"ထိမ်းမြှားမင်္ဂလာ"
ထိုနေ့မှ အစပြု၍ ယဲ့ထင်သည် ရန်ကျားလိအား ထပ်မံ မနှောင့်ယှက်လာတော့ပေ။
သူသည် စံအိမ်ထဲမှ ရန်ကျားလိ မယူသွားရသေးသော ပစ္စည်းအကြီးစားများ၊ အားဖူနှင့် ရှောင်ဟွမ်တို့ကို သက်တော်စောင့်များ စေလွှတ်ပြီး ရန်ကျားလိ ယခုဌားရမ်း နေထိုင်သည့် အိမ်သို့ ပို့ဆောင်စေခဲ့သည်။
သက်တော်စောင့်သည် ရန်ကျားလိ၏ အိမ်ထဲသို့ ပစ္စည်းများ ထည့်ပေးပြီးသောအခါ တစ်အိမ်လုံး ပစ္စည်းများအပြည့် ဖြစ်သွားတော့သည်။
မထွက်ခွာသေးခင်တွင် ခေါင်းဆောင်ဖြစ်သူ သက်တော်စောင့်တစ်ဦးက ရန်ကျားလိထံ စာအိတ်တစ်အိတ် ပေးလိုက်ပြီး
"ဥက္ကဌယဲ့က ခင်ဗျားကို ပေးတာပါ"
ရန်ကျားလိက စာအိတ်ကို ဖောက်ပြီး အထဲသို့ ကြည့်လိုက်သောအခါ အတော်လေး ထူပိန်းနေသည့် ပိုက်ဆံအထပ်လိုက်ကို တွေ့လိုက်ရသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သံသယနှင့်
"....ဒါက?"
သက်တော်စောင့်က ပြုံးလိုက်ပြီး နံဘေးတွင် ဟစိဟစိနှင့် အသက်ရှူရင်း လျှာထုတ်နေသော ရှောင်ဟွမ်ကို ညွှန်ပြကာ ပြောသည်။
"ပစ္စည်းတွေ လာမပို့ခင်က ဥက္ကဌယဲ့က ကျွန်တော့်ကို ပြောခဲ့တာပါ။ ဒီရှောင်ဟွမ်ကို သူလည်း ရက်တော်တော်ကြာကြာ မွေးမြူလာခဲ့တာဆိုတော့ သံယောဇဥ် နည်းနည်း ရှိနေတာပေါ့။ အခု ရှောင်ဟွမ်ကို လူကြီးမင်းရန် ခင်ဗျားဆီ အပ်လိုက်ပြီဆိုတော့ ခင်ဗျားက ပိုပြီး ဂရုစိုက်ပေးပါဦး။ ဒီပိုက်ဆံက ရှောင်ဟွမ်အတွက် စောင့်ရှောက်ခအဖြစ် ဥက္ကဌယဲ့က ကြိုပေးထားတယ် မှတ်လိုက်ပါဗျာ"
ရန်ကျားလိသည် ထိုပိုက်ဆံများကို ညှစ်ထားရင်း လက်ဖဝါးက ချွေးစို့နေသည်။
"ကျွန်တော့်မှာ ကြောင်ရှိပြီးနေပြီ။ ခွေးပါ ထပ်ရှိဦးမယ် ဆိုရင်တောင်၊ ဒီလောက်အများကြီး သုံးစရာ မလိုပါဘူး"
"ခင်ဗျား သိမ်းထားလိုက်ပါ"
သက်တော်စောင့်သည် နွေးထွေးစွာနှင့် သက်ပြင်းချလိုက်ပြီး
![](https://img.wattpad.com/cover/287016747-288-k570430.jpg)