{Unicode}
"အခွင့်အရေးလား
ထောင်ချောက်လား"ယဲ့ထင်က သူ့ကိုရပ်လိုက်ဖို့ ပြောနေသည်ကို ကြားသော်လည်း ရန်ကျားလိကတော့ ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။
ထိုအစား ခြေလှမ်းအလျင်က ပို၍ပင် မြန်ဆန်လာသေးသည်။
ဆီးနှင်းများက နူးညံ့စိုစွတ်ကာ ချော်ထွက်နေသောကြောင့် သူနှင်းပုံများပေါ် နင်းချလိုက်သည်နှင့် ခြေလှမ်းများက ယိုင်နဲ့သွားသည်။
သူက နောက်ခြေတစ်လှမ်းလောက် လှမ်းလိုက်ဖို့ကြိုးစားစဥ်မှာပဲ အနောက်မှ အားကောင်းသန်မာသည့် ခွန်အားနှင့် ဆွဲလှည့်ခံလိုက်ရပြီး အေးတိအေးစက် မျက်နှာထားရှိသော ယဲ့ထင်နှင့် မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားရသည်။
ယဲ့ထင်သည် RIONI တံဆိပ်ရှိ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ကိုယ်လုံးပြည့် ဝတ်ဆင်ထားကာ အထက်တန်းဆန်ပြီး တည်ကြည်လေးနက်သော လူကြီးလူကောင်းပုံစံမျိုးဖြစ်သည်။ သို့သော် သူ၏ အပြုအမူများကတော့ အထက်အရာရှိကဲ့သို့ မောက်မာရဲတင်းလွန်းလှပြီး တစ်ဖက်လူက ငြင်းဆန်ဖို့ရန်ပင် အခွင့်မသာပေ။
သူသည် ရန်ကျားလိ၏ လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများက အုံ့မှိုင်းနေသည်။
"မင်းခြေထောက် ဒဏ်ရာရထားတာလား"
ရန်ကျားလိက ယဲ့ထင်၏လက်မှ လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်နေရင်း
"မင်းဂရုစိုက်စရာ မလိုဘူး"
သူက ခေါင်းမာမာနှင့် လှည့်ထွက်လာလိုက်ပြီး ယဲ့ထင်၏ ချုပ်နှောင်မှုကြားမှ လွတ်ထွက်ကာ ခက်ခက်ခဲခဲနှင့် နှင်းပြင်ပေါ်မှာ ဆက်လျှောက်နေသည်။
ယဲ့ထင်က ရှေ့တစ်လှမ်း ထပ်တိုးလာပြန်ပြီး အားနှင့်ဆွဲလိုက်သောကြောင့် ရန်ကျားလိ၏ ခန္ဓာကိုယ်ကို ဟန်ချက်ပျက်သွားစေခဲ့သည်။ ယဲ့ထင်က နွေးထွေးမှုမရှိသော မျက်ဝန်းများဖြင့်
![](https://img.wattpad.com/cover/287016747-288-k570430.jpg)